သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီရီယား လေယာဉ်ပျက်ကျ ၁၅၃ ဦးသေဆုံး


နိုင်ဂျီးရီယားနိုင်ငံ Lagos မြို့က အဆောက်အဦးတခုအပေါ်ကို နိုင်ဂျီးရီယား ခရီးသည်တင် လေယာဉ်တစင်း ပျက်ကျသွားတာကြောင့် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၅၃ ဦးစလုံး သေဆုံးသွားတယ်လို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ဂျီးရီယား သမ္မတ Goodluck Jonathan ကတော့ ဒီ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အမိန့်ပေးလိုက်ပြီး သေဆုံးခဲ့သူတွေအတွက် နိုင်ငံတော်ရဲ့ ဝမ်းနည်းမှု အထိမ်းအမှတ် နိုင်ငံအဝှမ်း သုံးရက်ကြာ ပြုလုပ်ဖို့ ကြေညာ သတ်မှတ်လိုက်ပါတယ်။

Dana လေကြောင်းလိုင်းပိုင် အဲဒီ လေယာဉ်ဟာ တနင်္ဂနွေနေ့တုန်းက Abuja မြို့ကနေ Lagos မြို့ကို ပျံသန်းတာဖြစ်ပြီး၊ Lagos မြို့က လူနေထူထပ်တဲ့အရပ် နှစ်ထပ်တိုက် အဆောက်အဦးပေါ်ကို ထိုးကျသွားခဲ့တာလို့ နိုင်ဂျီးရီယား လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် အနားက အခြား အဆောက်အဦးတွေလည်း မီးလောင်ကျွမ်း သွားခဲ့ပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၅၃ ဦးစလုံး သေဆုံးခဲ့ပါတယ်။ မြေပြင်ပေါ်မှာရှိတဲ့ သူတွေထဲက သေဆုံးသူရှိမရှိတော့ မသေချာသေးပါဘူး။ Dana လေကြောင်းလိုင်းဟာ နိုင်ဂျီးရီယား ပြည်တွင်းပြေးဆွဲတဲ့ လေကြောင်းလိုင်းဖြစ်ပြီး၊ အခု ပျက်ကျတဲ့ ဘိုရင်း MD 83 လေယာဉ်ဟာ Abuja မြို့ကနေ Lagos ကို ပြေးဆွဲနေတာပါ။

XS
SM
MD
LG