သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boko Haram ကြောင့် နိုင်ဂျီးရီးယားရွေးကောက်ပွဲရွှေ့ဆိုင်း


လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Attahiru Jega သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (ဖေဖေါ်ဝါရီ ၇၊ ၂၀၁၅)
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Attahiru Jega သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (ဖေဖေါ်ဝါရီ ၇၊ ၂၀၁၅)

နိုင်ဂျီးရီးယားနိုင်ငံမှာ ဖေဖေါ်ဝါရီ လ ၁၄ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို Boko Haram စစ်သွေကြွတို့ရဲ့ ရန်ကြောင့် နောက်ထပ်
သီတင်း ၆ ပတ် ရွှေ့ဆိုင်းလိုက်ပါတယ်။

မဲရုံတွေ၊ မဲလာပေးမယ့်သူတွေ၊ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမယ့်သူတွေ လုံခြုံမှု မရှိဘူးဆိုရင်
ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုကိုလည်း အကြီးအကျယ်ထိခိုက်နိုင်တယ်လို့ နိုင်ဂျီးရီးယားနိုင်ငံရဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက စနေနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

နိုင်ငံရဲ့အရှေ့မြောက်ပိုင်း ဒေသတော်တော်များများကို Boko Haram စစ်သွေးကြွတွေက ထိန်းချုပ်ထားပါတယ်။ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကို
ငြိမ်းငြိမ်းချမ်းချမ်းကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ နိုင်ဂျီးရီးယားက ဆုံးဖြတ်ခဲ့တဲ့အပေါ် အင်မတန် စိတ်ပျက်တယ်လို့ ပြောကြားခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် နိုင်ငံရေးနဲ့ဝင်စွက်တာကို လက်မခံနိုင်ဘူးလို့ ဝန်ကြီး Kerry ကပြောကြားခဲ့ပြီး
ဒီမိုကရေစီလုပ်ငန်းစဉ်မှာ လုံခြုံရေးစိုးရိမ်မှုကို အစိုးရက အကြောင်းပြတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

နိုင်ဂျီးရီးယား သမ္မတ Goodluck Jonathan ဟာ နောက်ထပ် သမ္မတသက်တမ်းအနိုင်ရဖို့ ကြိုးစားနေပါတယ်။ ပြည်သူအများကတော့ သမ္မတနဲ့ အစိုးရဟာ အစွန်းရောက် စစ်သွေးကြွတွေကို နှိမ်နှင်းနိုင်ခြင်း မရှိဘူးလို့ ဝေဖန်နေကြပါတယ်ရှင်။

XS
SM
MD
LG