သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယား ရေနံသပိတ် ဆက်လက် ဆင်နွှဲမည်


နိုင်ဂျီးရီးယား ရေနံသပိတ် ဆက်လက် ဆင်နွှဲမည်
နိုင်ဂျီးရီးယား ရေနံသပိတ် ဆက်လက် ဆင်နွှဲမည်

လောင်စာဈေးနှုန်းကို အစိုးရနဲ့ ညှိလို့မရတဲ့နောက် တနင်္လာနေ့မှာ နိုင်ငံအနှံ့ သပိတ်မှောက်မယ်လို့ နိုင်ဂျီးရီးယား အလုပ်သမားသမဂ္ဂက ကြေညာလိုက်ပါတယ်။ ရေနံထုတ်လုပ်မှု ရပ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကိုတော့ ပြန်လည် ရုပ်သိမ်းလိုက်တာကိုလည်း သမဂ္ဂ ကိုယ်စားလှယ်တွေက ကြေညာပါတယ်။

စနေနေ့ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း လောင်စာဈေးနှုန်းတွေကို မူဝါဒမပြောင်းမီ ဒီလဆန်းမတိုင်မီက ဈေးနှုန်းတွေအတိုင်း ဆက်လက်ထားရှိဖို့ သမဂ္ဂ ကိုယ်စားလှယ်တွေက အစိုးရကို တောင်းဆိုခဲ့တာပါ။ အစိုးရက လောင်စာဈေးနည်းအောင် သုံးစွဲထောက်ပံ့ခဲ့တဲ့ငွေ ဒေါ်လာသန်းပေါင်း ၈,၀၀၀ သုံးစွဲခဲ့တာတွေကို မသုံးစွဲတော့ဘူးလို့ ဒီလအစောပိုင်းက မူဝါဒအပြောင်းအလဲ ကြေညာခဲ့ပါတယ်။

နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပေမဲ့လည်း နှစ်ဘက်လုံး စေ့စပ်လို့ မရခဲ့ကြဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကြောင့် လောင်စာ ဈေးနှုန်း နှစ်ဆဖြစ်သွားခဲ့ရပြီး အစားအသောက် ဈေးတွေနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ တက်သွားခဲ့ရတာဖြစ်ပါတယ်။

လူသောင်းချီပြီး လမ်းတွေထွက် ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အလုပ်သမား သမဂ္ဂက ၅ ရက်ကြာသပိတ်ကို စခဲ့တဲ့အတွက် နိုင်ဂျီးရီးယားနိုင်ငံမှာ ဘာမှ လုပ်လို့ကိုင်လို့ မရသလောက် ဖြစ်သွားခဲ့ရပါတယ်။ ဒီအချိန်မှာပဲ နိုင်ဂျီးရီးယား ပြည်သူများစွာဟာ ဆိုင်တွေကို အပြေးသွားပြီး စားစရာတွေကို သယ်ယူ သိုလှောင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ရောက်သွားတဲ့အခါမှာတော့ ဈေးတွေက ထိုးတက်သွားကြပြီ ဖြစ်ပါတယ်။ တချို့ ဈေးနှုန်းတွေက သုံးဆအထိ ထိုးတက်သွားတာ တွေ့ရပါတယ်။

XS
SM
MD
LG