သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီယား အသေခံဗုံးခွဲမှု ၅၀ ဝန်းကျင် သေဆုံး


နိုင်ဂျီးရီးယား၊ Yobe ပြည်နယ် Potiskum မြို့က သိပ္ပံဘာသာရပ်အဓိက အစိုးရ အလယ်တန်းကျောင်းအတွင်း အသေခံဗုံးခွဲမှုကြောင့် ပျက်စီးသေဆုံးမှုကို ကြည့်နေသူများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)
နိုင်ဂျီးရီးယား၊ Yobe ပြည်နယ် Potiskum မြို့က သိပ္ပံဘာသာရပ်အဓိက အစိုးရ အလယ်တန်းကျောင်းအတွင်း အသေခံဗုံးခွဲမှုကြောင့် ပျက်စီးသေဆုံးမှုကို ကြည့်နေသူများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက စာသင်ကျောင်းတခုမှာ တနင်္လာနေ့က အသေခံဗုံးခွဲတိုက်ခိုက်ခံရလို့ ကျောင်သားလူငယ်တွေအများစုအပါအဝင် လူ ၄၈ ဦးမက သေဆုံးသွားရပါတယ်။

နိုင်ငံမြောက်ပိုင်း Yobe ပြည်နယ် Potiskum မြို့က သိပ္ပံဘာသာရပ်အဓိက အစိုးရ အလယ်တန်းကျောင်းမှာ ကျောင်းမတက်ခင် သြဝါဒအတွက် စုဝေးနေကြတုံး ပေါက်ကွဲတာပါ။ လူ ၃၅ ယောက်နဲ့ ၄၈ ယောက်ကြား သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လူ ၇၉ ဦးမက လည်း ဒဏ်ရာရသွားကြပြီး တော်တော်များများက ဒဏ်ရာပြင်းတယ်လို့ ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။

အသေခံဗုံးခွဲသူက ကျောင်းသားလို ဝတ်ဆင်ထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူကမှာ သူတို့လုပ်တာပါလို့ ထုတ်ဖော်ပြောလာတာမရှိသေးပေမယ့် Boko Haram စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်လို့ပဲ ထင်ကြပါတယ်။ အဲဒီ Potiskum မြို့မှာပဲ ဘာသာရေး အခမ်းအနား တခုအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ နှစ်ဒါဇင်ကျော် သေဆုံးရတဲ့ လွန်ခဲ့တဲ့ သီတင်းပတ်က ဖြစ်ရပ်အတွက်လည်း ဒီ Boko Haram အဖွဲ့ကိုပဲ အများက အပြစ်တင်ထားကြပါတယ်။

XS
SM
MD
LG