သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား မြေသိမ်းခံ နှင့် ရဲ ပဋိပက္ခ ၉ ဦး ဒဏ်ရာရ


ကမ္ဘောဒီးယား မြေသိမ်းခံရသူများ ဆန္ဒပြ။
ကမ္ဘောဒီးယား မြေသိမ်းခံရသူများ ဆန္ဒပြ။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ခြံမြေဆိုင်ရာ ရပိုင်ခွင့်တောင်းဆိုတဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့အတွက် လူ၉ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီ့ထဲက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သူက ၃ ဦးရှိပါတယ်။ ဖနွမ်ပင်မြို့တော်က Borei Keila ရပ်ကွက်မှာ နေထိုင်သူတွေကို Phanimex ကုမ္ပဏီက အဆောက်အဦးသစ် ဆောက်လုပ်ဖို့ ဖယ်ခိုင်းခဲ့တာမို့ နှင်အထုတ်ခံရသူ ၅၀ လောက်က ဆောက်လုပ်ရေးဝင်းထဲက သူတို့နေရာဟောင်းကို ဝင်ရောက်ကြရာက ရဲတစ်ရာလောက်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွါးခဲ့တာပါ။

ဒီမြေပိုင်ဆိုင်မှု ပြဿနာဟာ ရပ်ကွက်နေလူထုနဲ့ Phanimex ကုမ္ပဏီတို့ကြား ၂၀၀၇ ခုနှစ်ကစပြီးဖြစ်ပွါးနေတာပါ။ အခုလို လုံခြုံရေး တပ်သားတွေ ရဲ့ နှိမ်နင်းမှုဟာ အကြမ်းဖက်တဲ့ ဓလေ့ကို ကျင့်သုံးတာဖြစ်ပြီး ဒီလိုနှိမ်နင်း လို့ ပြဿနာဟာ ပြေလည်မသွားနိုင်ဘူးလို့ Licadho လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

အစိုးရပြောခွင့်ရကတော့ ဒီလူတွေဟာ တရားဝင်နေထိုင်တာ မဟုတ်တဲ့အတွက် ပိုင်နက်ကျူးလွန်မှုလို့ သတ်မှတ်ကြောင်း၊ ပိုင်ရှင်ကိုယ်တိုင်က တိုင်ကြားလာတာမို့ ကျူးကျော်သူတွေကို မထိခိုက်စေချင်တဲ့အတွက် ထွက်သွားဖို့ပြောပေမယ့် မရဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်းနဲ့ အခုလည်း စိုးရိမ်ရလောက်အောင် ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။
XS
SM
MD
LG