သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါဝန်ကြီးချုပ် နှုတ်ထွက်


နှုတ်ထွက်သွားသည့် နီပေါဝန်ကြီးချုပ် မက်ဒ်ဟက်ဗ် ကူးမား နီပေါ။ ဧပြီ ၃၀၊ ၂၀၁၀။

နိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး နီပေါနိုင်ငံရဲ့ ၀န်ကြီးချုပ်က အနားယူလိုက်ပါတယ်။

ဝန်ကြီးချုပ် မက်ဒ်ဟက်ဗ် ကူးမား နီပေါ (Madhav Kumar Nepal) က အနားယူကြောင်း ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သူ ကူညီချင်ပါတယ်လို့ မစ္စတာ နီပေါက ပြောပါတယ်။ မော်ဝါဒီတွေရဲ့ ဆယ်စုတစုကြာ သူပုန်ထမှုကို အဲဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ အဆုံးသတ်ခဲ့ပြီး သူပုန်တွေကို အစိုးရနဲ့ ပူးပေါင်းဖို့ ခွင့်ပြုခဲ့ပါတယ်။

လွှတ်တော်မှာ အများစုနေရာ ရထားတဲ့ မော်ဝါဒီပါတီက မစ္စတာ နီပေါ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါမှ ညီညွတ်သော အစိုးရကို မော်ဝါဒီတွေ ပြန်လည် ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ မော်ဝါဒီတွေရဲ့ တွန်းအားကြောင့် နောက်နှစ် မေလမှာ ပြီးရမယ့် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး နှောင့်နှေးသွားခဲ့ပါတယ်။

မော်ဝါဒီ သူပုန်တွေကို တပ်ထဲသွင်းရေးနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့တဲ့အတွက် မော်ဝါဒီတွေ ခေါင်းဆောင်တဲ့ အစိုးရ နှုတ်ထွက်သွားခဲ့ပြီးတဲ့နောက် မစ္စတာ နီပေါ ၀န်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

XS
SM
MD
LG