သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားကို တရုတ်အရေးယူ ကန့်သတ်


တရုတ်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးရှေ့ လုံခြုံရေးထားရှိပုံ (ဖေဖဝါရီ ၇၊ ၂၀၁၆)
တရုတ်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးရှေ့ လုံခြုံရေးထားရှိပုံ (ဖေဖဝါရီ ၇၊ ၂၀၁၆)

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေကြောင့် ကုလသမဂ္ဂက နောက်ဆုံးချမှတ်လိုက်တဲ့ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုသစ်တွေနဲ့အညီ တရုတ်နိုင်ငံက မြောက်ကိုရီးယားအပေါ် စီးပွားရေးအရ ကန့်သတ်မှုတချို့ ချမှတ်လိုက်ပါတယ်။

မဟာမိတ် မြောက်ကိုရီးယားကို လေယာဉ် ဆီ တင်ပို့တာ ရပ်မယ့်အပြင် ကျောက်မီးသွေး၊ ရွှေ၊ titanium နဲ့ တခြား ရှားပါး ဓာတ်သတ္ထု တင်ပို့တာတွေကိုပါ ရပ်မယ်လို့ တရုတ်အစိုးရက ဒီကနေ့ ကြေညာလိုက်တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဒါမှမဟုတ် မစ်ဇိုင်းဒုံးလက်နက် အစီအစဉ်တွေနဲ့ မဆက်စပ်တဲ့ အရပ်ဘက်သုံးဖို့ရည်ရွယ်တဲ့ ကုန်ပစ္စည်းတွေကိုတော့ ကန့်သတ်မှုတွေကနေ ချွင်းချက်ထား ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားအပေါ် ပိုပိုပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေကို ပြီးခဲ့တဲ့ လကပဲ အတည်ပြု ချမှတ်ခဲ့တာပါ။

ဒီအထဲမှာ မြောက်ကိုရီးယားနဲ့ အဝင်အထွက်လုပ်တဲ့ ကုန်တင်ယာဉ်အားလုံးကို မဖြစ်မနေ စစ်ဆေးတာနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေ အတွက် ဝင်ငွေရှာပေးနေတဲ့ တွင်းထွက်ပစ္စည်း ပို့ကုန်အများစုကို ပိတ်ပင်တာတွေ ပါပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတခု လုပ်ခဲ့ပြီး ဖေဖော်ဝါရီလထဲမှာလည်း တာဝေးပစ်ရော့ကတ်ဒုံးကျည် ပစ်လွှတ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ ခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြင့်ချမှတ်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG