သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပစ် ဒုံးကျည်သစ် မြောက်ကိုရီးယားစမ်းသပ်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

လေယာဉ်ပစ် ဒုံးကျည်သစ်တမျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင် ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံက စနေနေ့မှာ ကြေညာလိုက် ပါတယ်။ အဲဒီ စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် ကြည့်ရှု စစ်ဆေးခဲ့တဲ့ ဓါတ်ပုံတွေကို နိုင်ငံပိုင် မီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုကို ဘယ်အချိန် ဘယ်နေရာမှာ လုပ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသလို သီးခြား လွတ်လပ်စွာ အတည်ပြုနိုင်ခြင်းလဲ မရှိသေးပါဘူး။

ဒီစမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအွန်းက အလွန်စိတ်ကျေနပ်မိကြောင်း မြောက် ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနကပြောပါတယ်။ မြောက်ကိုရီးယား အနေနဲ့ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တစင်းကို နိုင်ငံအရှေ့ဘက်ခြမ်းမှာ သောကြာနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တာကို တောင်ကိုရီးယားဘက်က စုံစမ်းသိ ထားပေမယ့် မြောက်ကိုရီးယားက အခုပြောနေတဲ့ ဒုံးကျည်သစ်နဲ့ ဆက်စပ်မှု ရှိမရှိဆိုတာကတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Park Geun-hye အုပ်ချုပ်နေသ၍ နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစုပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ် အပါအဝင် လူသားချင်း စာနာတဲ့အစီအစဉ်တွေ ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား က ပြောပါတယ်။ ကွဲကွာနေတဲ့ မိသားစုတွေ ခုထိ ပြန်မပေါင်းစည်းနိုင်သေးတာဟာ သမ္မတ Park Geun-hye မှာ တာဝန်ရှိတယ်လို့ မြောက်ကိုရီးယားကြက်ခြေနီအဖွဲ့က စနေနေ့မှာ စွပ်စွဲ ပြောဆိုပါတယ်။

XS
SM
MD
LG