သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

NLD ကိုသွေးတိုးစမ်းမယ့် ကြားဖြတ်ရွေးကောက်ပွဲနေ့


2018 By election in Myanmar

ဒီကနေ့ဟာ မြန်မာနိုင်ငံတဝန်း လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၃ ခုအတွက် ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပမယ့်နေ့ဖြစ်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးစလုပ်တဲ့ ၂၀၁၂ ခုနှစ် ကတည်းကဆိုရင် တတိယအကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲပါ။ ဒါ့အပြင် NLD ပါတီဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်း ဒုတိယအကြိမ်လုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ တကြိမ် လုပ်ခဲ့ပါသေးတယ်။ ပထမဆုံးအကြိမ် ၂၀၁၂ ခုနှစ်ကကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲကတော့ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒ်ါအောင်ဆန်း စုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင် အနိုင်ရပြီး NLD ပါတီ လွှတ်တော်ထဲ စရောက်သွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၆၉ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ချင်း၊ ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ် တွေ၊ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး တိုင်းဒေသကြီး တွေက လွှတ်တော်အသီးသီးရဲ့ လစ်လပ်နေရာတွေအတွက် ယှဉ်ပြိုင် ရွေးကောက်ခံကြမှာပါ။

NLD ပါတီဦးဆောင်တဲ့အစိုးရ တက်လာပြီး ၃ နှစ်ကျော်အကြာမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ ဖြစ်သလို ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး မတိုင်ခင် နောက်ဆုံး ကျင်းပတာ ဖြစ်ဖွယ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်တာကြောင့် လက်ရှိအစိုးရရဲ့ စွမ်းဆောင်ရည် အပေါ် လူထုဆန္ဒခံယူတဲ့သဘော ရွေးကောက်ပွဲမျိုးဖြစ်မယ်လို့ သုံးသပ်ကြတာတွေ ရှိပါတယ်။

NLD ပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ နေရာအများစုကို အနိုင်ရဖို့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်ကြတာလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG