သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုစီးပွားရေးတိုးတက်မှု ဘာကြောင့်နှေးကွေးလဲ

ပြည်ထောင်စုလွှတ်တော် (MOI)
ပြည်ထောင်စုလွှတ်တော် (MOI)

တနှစ်ကျော် သက်တမ်းရှိလာပြီဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ အများကမျှော်လင့်သလို စီးပွားရေး လူမှုရေးတိုးတက်မှုတွေ သိသာထင်ရှားတဲ့ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရဘူးလို့ သုံးသပ်ဝေဖန်မှုတွေရှိသလို၊ လူမှုစီးပွားဘဝအခြေအနေဟာ ပိုဆိုးလာတယ်လို့ အတိုက်အခံပါတီကြီးကပါ ဝေဖန်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ တနှစ်တာအတွင်း ပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့တယ်လို့ ကနေဒါနိုင်ငံရောက်ခိုက် ပြောပါတယ်။ ဝေဖန်သူတွေပြောသလို တိုးတက်ပြောင်းလဲမှုတွေ မတွေ့ရတာ ဘာကြောင့်လို့ယူဆပါသလဲ ဒါမှမဟုတ် တိုးတက်ပြောင်းလဲမှုတွေ ရှိတယ်လို့ယူဆပါသလား။ အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ စီးပွားရေးပညာရှင် ဆရာ ခင်မောင်ညို(ဘောဂဗေဒ)နဲ့ ဒေါက်တာညိုညိုသင်းတို့က ပင်တိုင်ဆွေးနွေးထားပါတယ်။

လူမှုစီးပွားရေးတိုးတက်မှု ဘာကြောင့်နှေးကွေးလဲ
please wait

No media source currently available

0:00 0:14:50 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG