သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
--------------------------------
လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်ဖခင် ရိုက်နှက်ဖမ်းဆီးခံရ
CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်ရဲ့ ဖခင် ဦးပီတာကို တနင်္ဂနွေနေ့ညက နေအိမ်မှာ စစ်သားနဲ့ရဲတွေက ရိုက်နှက် အကြမ်းဖက် ဖမ်းဆီးသွားခဲ့ပါတယ်။
သူ့ကို အာဏာပိုင်တွေက ရှာဖွေ ဖမ်းဆီးလို့ မရသေးတဲ့အတွက် အခုလို ဖခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ကိုစည်သူမောင်က ဗွီအိုအေကိုပြောပါတယ်။ စနေနေ့ညကလည်း သူ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးခင်မောင်လတ်ကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမေးမြန်းချိန်မှာ လက်လွန်သွားခဲ့တဲ့အတွက် ညတွင်းခြင်း သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် ဝမ်းနည်း ယူကြုံးမရဖြစ်မိတယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။
မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG