သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ႐ုံးမ်ား အႀကိမ္၄၀ ေက်ာ္တိုက္ခိုက္ခံခဲ့ရ


ထားဝယ္ၿမိဳ႕ NLD တုိင္း႐ံုးအေဆာက္အဦး ေဖာက္ခြဲခံရၿပီး ၿပိဳက်ပ်က္စီးသြားတဲ့ျမင္ကြင္း (ေအာက္တိုဘာ ၂၁၊ ၂၀၂၁။/ ဓာတ္ပံု- CJ)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ ေနာက္ပိုင္းကစလို႔ တႏိုင္ငံလုံးမွာရွိတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ႐ုံးခန္းေတြ ဖ်က္စီးခံရမႈဟာ အႀကိမ္ေပါင္း ၄၀ ေက်ာ္လာၿပီလို႔ ပါတီဗဟိုရဲ႕တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႐ုံးခန္းေတြ ဖ်က္စီးခံရတာနဲ႔ပါတ္သက္လို႔ အေသးစိတ္ အခ်က္အလက္ေတြကို မွတ္တမ္းတင္ထားၿပီး အေရးယူႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ NLD ပါတီဗဟိုဘက္က ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပိုင္းကစၿပီး အခုခ်ိန္အထိ တႏိုင္ငံလုံးမွာရွိတဲ့ NLD ပါတီ ႐ုံးေတြတိုက္ခိုက္ခံရမႈဟာ အႀကိမ္ေပါင္း ၄၆ ႀကိမ္ရွိၿပီလို႔ ပါတီရဲ႕ ဗဟိုေျပာခြင့္ရ ဦးေက်ာ္ေထြးက ဗြီအိုေအကို ေျပာပါတယ္။ NLD ပါတီ႐ုံးေတြကို ဘယ္အဖြဲ႔ အစည္းေတြက တိုက္ခိုက္ခဲ့တယ္ဆိုတာ အမည္တပ္ေျပာလို႔မရေပမဲ့ တိုက္ခိုက္ခံရတဲ့ အခ်ိန္ေတြဟာ သာမန္ျပည္သူေတြ အိမ္ျပင္မထြက္ရ ကန္႔သတ္ခ်က္ထုတ္ထားခ်ိန္ေတြမွာ ျဖစ္ပြားခဲ့တာလို႔ သူကေျပာပါတယ္။

“က်ေနာ္တို႔ ထပ္မံအတည္ျပဳလို႔ရတဲ့ စာရင္းေတြအရေတာ့ ၄၆ ႀကိမ္ ရွိပါၿပီ။ ဒါေပမဲ့လည္း ထပ္မံစုေဆာင္း စိစစ္ေနတုန္းပါ။ က်ဴးလြန္ခံရတာ အမ်ားဆုံးကေတာ့ မႏၲေလးတိုင္းပါ။ အားလုံးစုစုေပါင္း ၁၈ ႀကိမ္ေလာက္ရွိပါတယ္။ တိုင္း႐ုံးတခုတည္းကိုပဲ က်ဴးေက်ာ္ဝင္ေရာက္၊ ဖ်က္စီးခံရတာ ၃ ႀကိမ္ျဖစ္ပါတယ္။ အဲဒီေတာ့ ျဖစ္စဥ္ ေတြကို က်ေနာ္တို႔ ေလ့လာၾကည့္ရင္ စစ္ေကာင္စီရဲ႕ ပုဒ္မ ၁၄၄ ထုတ္ထားတဲ့ အခ်ိန္ေတြမွာပဲ က်ဴးလြန္ေနတာ ေတြ႔ရပါတယ္။ အဲဒီေတာ့ အဲဒီအခ်ိန္ဟာ သူတို႔ရဲ႕ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြသာ သြားလာလႈပ္ရွားႏိုင္တဲ့ အခ်ိန္ေတြပဲျဖစ္တာမို႔လို႔ ဘယ္သူေတြ အၾကမ္းဖက္ဖ်က္စီးမႈ လုပ္ေနတယ္ဆိုတာကို က်ေနာ္တို႔ တိတိက်က် ေျပာဖို႔ ခက္ေနေသးေပမဲ့လည္း စစ္ေကာင္စီရဲ႕ လုံၿခဳံေရးယူထားတယ္ဆိုတဲ့ သူေတြမွာပဲ တာဝန္ရွိပါတယ္လို႔ ေျပာခ်င္ပါတယ္။”

ရန္ကုန္တိုင္း ေ႐ႊဂုံတိုင္က NLD ဌာနခ်ဳပ္ဟာ ေဖေဖာ္ဝါရီ ၉ ရက္ညပိုင္းမွာ ေဖာက္ ထြင္းဝင္ေရာက္ခံရၿပီး ပထမဦးဆုံး တိုက္ခိုက္ခံရတဲ့ ႐ုံးလည္းျဖစ္ပါတယ္။ ဒီဌာနခ်ဳပ္ အေပၚ လြန္ခဲ့တဲ့ ၉လအတြင္း လက္ပစ္ဗုံးနဲ႔ တိုက္ခိုက္ခံရတာအပါအဝင္ သုံးႀကိမ္ တိတိ တိုက္ခိုက္ခံခဲ့ရတယ္လို႔ NLD က ျပဳစုထားတဲ့ စာရင္းမွာေဖာ္ျပထားပါတယ္။ NLD ႐ုံးေတြ တိုက္ခိုက္ခံရတာ၊ ပါတီဝင္ေတြတိုက္ခိုက္ခံရတာ ဒီလိုျဖစ္စဥ္ အားလုံးကို မွတ္တမ္းတင္ထားၿပီး အေရးယူႏိုင္ဖို႔အတြက္လည္း ဗဟိုအေနနဲ႔ ႀကိဳးပမ္းေနေၾကာင္း ဦးေက်ာ္ေထြးကေျပာပါတယ္။ ပါတီ႐ုံးအားလုံးဟာ ျပည္သူေတြရဲ႕ ပိုက္ဆံနဲ႔ တည္ေဆာက္ထားတာျဖစ္လို႔ ႐ုံးေတြကို ဦးတည္ထား တိုက္ခိုက္တာဟာ ျပည္သူ႔ဆႏၵကို ေစာ္ကားမႈျဖစ္ေၾကာင္း သူကေျပာပါတယ္။

“ျပည္တြင္းျပည္ပ ဥပေဒပညာရွင္ေတြ ကြၽမ္းက်င္သူေတြနဲ႔ ေဆြးေႏြးၿပီး က်ဴးလြန္ သူေတြကို ထိထိေရာက္ေရာက္ အေရးယူလို႔ရေအာင္ က်ေနာ္တို႔ နည္းမ်ိဳးစုံနဲ႔ ေဆာင္႐ြက္သြားမွာပါ။ အခုလိုတရားဝင္ ရပ္တည္ေနတဲ့ ႏိုင္ငံေရးပါတီတခုရဲ႕ ႐ုံးခန္းေတြကို က်ဴးေက်ာ္ဝင္ေရာက္ ဖ်က္စီးေနတာက NLD ပါတီနဲ႔ ပါတီဝင္ေတြကိုဖိႏွိပ္ၿခိမ္းေျခာက္ေနတာတင္ မကပါဘူး၊ ျပည္သူလူထု တရပ္လုံးကိုပါ ၿခိမ္းေျခာက္ေနတာ ျဖစ္ပါတယ္။ စစ္ေကာင္စီ ေျပာေျပာေနတဲ့ အာဏာသိမ္းရျခင္းဆိုတဲ့ အေၾကာင္းရင္းနဲ႔လည္း ဘာမွမပတ္သက္ပါဘူး။ နယ္ေျမရွင္းလင္းေရးတို႔ စစ္ေရးတို႔ စတဲ့ကိစၥေတြနဲ႔လည္း တစက္မွေဘာင္မဝင္တာမို႔ စစ္ေကာင္စီအေနနဲ႔ ဒီအၾကမ္းဖက္ ဖ်က္စီးမႈေတြကို အျမန္ဆုံးတာဝန္ယူ ေျဖရွင္းေပးရမဲ့ကိစၥ၊ အကာအကြယ္ေပးရမယ့္ကိစၥ ျဖစ္ပါတယ္။”

NLD ပါတီ႐ုံးေတြ ဘယ္အဖြဲ႔အစည္းက တိုက္ခိုက္ေနလဲဆိုတာကို ဗြီအိုေအက သီးျခားအတည္ျပဳလို႔ေတာ့ မရေသးပါဘူး။ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ကရင္၊ မြန္ စတဲ့ေဒသေတြက NLD ႐ုံးေတြ တိုက္ခိုက္ခံရတယ္လို႔ ပါတီဘက္က စာရင္းျပဳစုထားတာပါ။ ေနာက္ဆုံးတိုက္ခိုက္ခံရတဲ့ ႐ုံးကေတာ့ ေမာ္လၿမိဳ႕က NLD ၿမိဳ႕နယ္႐ုံးျဖစ္ၿပီး ေအာက္တိုဘာ ၃၁ ရက္မွာ ဗုံးခြဲတိုက္ခိုက္ ခံရတာပါ။

ေအာက္တုိဘာ ၃၁ ရက္က မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕နယ္က NLD ႐ံုးခန္းနဲ႔ ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕က NLD ႐ံုးခန္းေတြမွာ ေပါက္ကြဲခဲ့တာေတြဟာ အၾကမ္းဖက္သမားေတြရဲ႕ လက္ခ်က္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

NLD ႐ုံးမ်ား အႀကိမ္၄၀ ေက်ာ္တိုက္ခိုက္ခံခဲ့ရ
please wait

No media source currently available

0:00 0:03:20 0:00
တိုက္႐ိုက္ လင့္ခ္

=======

{{Unicode}}

NLD ရုံးများ အကြိမ်၄၀ကျော်တိုက်ခိုက်ခံခဲ့ရ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစလို့ တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးခန်းတွေ ဖျက်စီးခံရမှုဟာ အကြိမ်ပေါင်း ၄၀ ကျော်လာပြီလို့ ပါတီဗဟိုရဲ့တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုံးခန်းတွေ ဖျက်စီးခံရတာနဲ့ပါတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီး အရေးယူနိုင်ဖို့ စီစဉ်နေတယ်လို့ NLD ပါတီဗဟိုဘက်က ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး အခုချိန်အထိ တနိုင်ငံလုံးမှာရှိတဲ့ NLD ပါတီ ရုံးတွေတိုက်ခိုက်ခံရမှုဟာ အကြိမ်ပေါင်း ၄၆ ကြိမ်ရှိပြီလို့ ပါတီရဲ့ ဗဟိုပြောခွင့်ရ ဦးကျော်ထွေးက ဗွီအိုအေကို ပြောပါတယ်။ NLD ပါတီရုံးတွေကို ဘယ်အဖွဲ့ အစည်းတွေက တိုက်ခိုက်ခဲ့တယ်ဆိုတာ အမည်တပ်ပြောလို့မရပေမဲ့ တိုက်ခိုက်ခံရတဲ့ အချိန်တွေဟာ သာမန်ပြည်သူတွေ အိမ်ပြင်မထွက်ရ ကန့်သတ်ချက်ထုတ်ထားချိန်တွေမှာ ဖြစ်ပွားခဲ့တာလို့ သူကပြောပါတယ်။

“ကျနော်တို့ ထပ်မံအတည်ပြုလို့ရတဲ့ စာရင်းတွေအရတော့ ၄၆ ကြိမ် ရှိပါပြီ။ ဒါပေမဲ့လည်း ထပ်မံစုဆောင်း စိစစ်နေတုန်းပါ။ ကျူးလွန်ခံရတာ အများဆုံးကတော့ မန္တလေးတိုင်းပါ။ အားလုံးစုစုပေါင်း ၁၈ ကြိမ်လောက်ရှိပါတယ်။ တိုင်းရုံးတခုတည်းကိုပဲ ကျူးကျော်ဝင်ရောက်၊ ဖျက်စီးခံရတာ ၃ ကြိမ်ဖြစ်ပါတယ်။ အဲဒီတော့ ဖြစ်စဉ် တွေကို ကျနော်တို့ လေ့လာကြည့်ရင် စစ်ကောင်စီရဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အချိန်တွေမှာပဲ ကျူးလွန်နေတာ တွေ့ရပါတယ်။ အဲဒီတော့ အဲဒီအချိန်ဟာ သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေသာ သွားလာလှုပ်ရှားနိုင်တဲ့ အချိန်တွေပဲဖြစ်တာမို့လို့ ဘယ်သူတွေ အကြမ်းဖက်ဖျက်စီးမှု လုပ်နေတယ်ဆိုတာကို ကျနော်တို့ တိတိကျကျ ပြောဖို့ ခက်နေသေးပေမဲ့လည်း စစ်ကောင်စီရဲ့ လုံခြုံရေးယူထားတယ်ဆိုတဲ့ သူတွေမှာပဲ တာဝန်ရှိပါတယ်လို့ ပြောချင်ပါတယ်။”

ရန်ကုန်တိုင်း ရွှေဂုံတိုင်က NLD ဌာနချုပ်ဟာ ဖေဖော်ဝါရီ ၉ ရက်ညပိုင်းမှာ ဖောက် ထွင်းဝင်ရောက်ခံရပြီး ပထမဦးဆုံး တိုက်ခိုက်ခံရတဲ့ ရုံးလည်းဖြစ်ပါတယ်။ ဒီဌာနချုပ် အပေါ် လွန်ခဲ့တဲ့ ၉လအတွင်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတာအပါအဝင် သုံးကြိမ် တိတိ တိုက်ခိုက်ခံခဲ့ရတယ်လို့ NLD က ပြုစုထားတဲ့ စာရင်းမှာဖော်ပြထားပါတယ်။ NLD ရုံးတွေ တိုက်ခိုက်ခံရတာ၊ ပါတီဝင်တွေတိုက်ခိုက်ခံရတာ ဒီလိုဖြစ်စဉ် အားလုံးကို မှတ်တမ်းတင်ထားပြီး အရေးယူနိုင်ဖို့အတွက်လည်း ဗဟိုအနေနဲ့ ကြိုးပမ်းနေကြောင်း ဦးကျော်ထွေးကပြောပါတယ်။ ပါတီရုံးအားလုံးဟာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ တည်ဆောက်ထားတာဖြစ်လို့ ရုံးတွေကို ဦးတည်ထား တိုက်ခိုက်တာဟာ ပြည်သူ့ဆန္ဒကို စော်ကားမှုဖြစ်ကြောင်း သူကပြောပါတယ်။

“ပြည်တွင်းပြည်ပ ဥပဒေပညာရှင်တွေ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီး ကျူးလွန် သူတွေကို ထိထိရောက်ရောက် အရေးယူလို့ရအောင် ကျနော်တို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်သွားမှာပါ။ အခုလိုတရားဝင် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတခုရဲ့ ရုံးခန်းတွေကို ကျူးကျော်ဝင်ရောက် ဖျက်စီးနေတာက NLD ပါတီနဲ့ ပါတီဝင်တွေကိုဖိနှိပ်ခြိမ်းခြောက်နေတာတင် မကပါဘူး၊ ပြည်သူလူထု တရပ်လုံးကိုပါ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ပြောပြောနေတဲ့ အာဏာသိမ်းရခြင်းဆိုတဲ့ အကြောင်းရင်းနဲ့လည်း ဘာမှမပတ်သက်ပါဘူး။ နယ်မြေရှင်းလင်းရေးတို့ စစ်ရေးတို့ စတဲ့ကိစ္စတွေနဲ့လည်း တစက်မှဘောင်မဝင်တာမို့ စစ်ကောင်စီအနေနဲ့ ဒီအကြမ်းဖက် ဖျက်စီးမှုတွေကို အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးရမဲ့ကိစ္စ၊ အကာအကွယ်ပေးရမယ့်ကိစ္စ ဖြစ်ပါတယ်။”

NLD ပါတီရုံးတွေ ဘယ်အဖွဲ့အစည်းက တိုက်ခိုက်နေလဲဆိုတာကို ဗွီအိုအေက သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန် စတဲ့ဒေသတွေက NLD ရုံးတွေ တိုက်ခိုက်ခံရတယ်လို့ ပါတီဘက်က စာရင်းပြုစုထားတာပါ။ နောက်ဆုံးတိုက်ခိုက်ခံရတဲ့ ရုံးကတော့ မော်လမြို့က NLD မြို့နယ်ရုံးဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်မှာ ဗုံးခွဲတိုက်ခိုက် ခံရတာပါ။

အောက်တိုဘာ ၃၁ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က NLD ရုံးခန်းနဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့က NLD ရုံးခန်းတွေမှာ ပေါက်ကွဲခဲ့တာတွေဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

#MyanmarViolence #MyanmarMilitaryCoup #MyanmarNLD #VOABurmese #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး#စစ်အာဏာသိမ်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG