သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ဝ၂ဝ ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက စည်းရုံးရေးဆင်းနေစဉ်
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက စည်းရုံးရေးဆင်းနေစဉ်

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လာမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် ပါတီဗဟိုကနေ ရန်ပုံငွေ ကျပ်သန်း ၂ ထောင် ထောက်ပံ့ဖို့ ရှိနေပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက စလို့ စည်းရုံးရေး လုပ်ငန်းတွေ အတွက် ခရီးစာရိတ်နဲ့ နေ့တွက် စာရိတ်တွေ ပေးမှာ ဖြစ်တယ်လို့ ၂ ရက်ကြာ အစည်းအဝေး အပြီး ထုတ်ပြန်တဲ့ ပါတီ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

NLD အဖွဲ့ဝင် အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေထံက အချိုးကျ ကောက်ယူထားတဲ့ ငွေတွေနဲ့ စည်းရုံးရေးကို ထောက်ပံ့ဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တုန်းက ရှုံးနိမ့်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေ အရေး ဆောင်ရွက်နိုင်ဖို့ အတွက်လည်း တိုင်းရင်းသား ရေးရာ လုပ်ငန်း အဖွဲ့ကိုလည်း NLD က ဖွဲ့စည်းပါတယ်။

ဒါ့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှုတွေကို အမြန် ဆောင်ရွက်နိုင်ရေး အတွက် တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ၊ မြေသိမ်း၊ ယာသိမ်းမှုတွေနဲ့ သက်ဆိုင်တဲ့ လွှတ်တော် ကော်မတီတွေမှာ ပါဝင်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုလည်း တိုက်တွန်းဆောင်ရွက်မယ်လို့ ဒုတိယ ဗဟိုကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာရ NLD ပါတီက ပါတီရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တဲ့ အထဲမှာတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးတို့လည်း ပါဝင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယ ဗဟိုကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက် နေ့ အထိ နှစ်ရက်ကြာကျင်းပခဲ့တာပါ။

၂ဝ၂ဝ ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG