သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တိုက်တွန်း


A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.
A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.

နှစ်သစ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆုတောင်းမေတ္တာပို့တဲ့ လှုပ်ရှားမူတွေကို ရန်ကုန် လှိုင်သာယာက အောင်မြေသာယာဘုရားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက လုပ်ဆောင်ခဲ့ကြပါတယ်။ အပြည့်စုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စကို အဟန့်အတား ဖြစ်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က မြန်မာစစ်အစိုးရကို ပန်ကြားလိုက်ပါတယ်။ ဒီကနေ့ကာလမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးကိစ္စဟာ အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်းကိုလည်း ပြောဆိုလိုက်ပါတယ်။

“နှစ်ဟောင်းတခုကုန်တယ်ဆိုတာ နှစ်တနှစ်ရဲ့ အကန့်အသတ်တွေကို ကျနော်တို့ ကျော်ဖြတ်ခဲ့ရတယ်။ အဲဒီလို ကျော်ဖြတ်ခဲ့ရတဲ့ဟာက အနည်းဆုံး နိုင်ငံရေး အကျဉ်းသားတွေ ဆိုသူများဟာ နှစ်ဟောင်းကိုကျော်ဖြတ်ရတဲ့အတွက် သူတို့ဟာ ဆင်းရဲဒုက္ခတွေကို အနည်းဆုံး တနှစ်တော့ ခံစားပြီးပြီ။ သို့မဟုတ်လည်း ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်၊ အနှစ် ၂၀ ပေါ့ဗျာ။ ဒီလိုခံစားခဲ့ရတာရှိတယ်။ အဲဒီလို ခံစားချက်တွေကို လာမယ့်ရှေ့တနှစ် ဆက်ပြီးတော့ ခံစားခိုင်းဦးမှာလားလို့ ကျနော်က ယူဆတယ်။ ပြောချင်တယ်။ ဒီလို မခံစားထိုက်ဘူးလို့လည်း ကျနော်က ယုံကြည်တယ်။ အဲဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လာမယ့်နှစ်အတွင်းမှာ လွှတ်ပေးပါ။ လွတ်ငြိမ်းချမ်းသာခွင့်လို့ဟာမျိုး ကြေညာပေးပါ၊ သို့မဟုတ်ရင်လည်း နိုင်ငံရေး အကျဉ်းသားတွေလွတ်ရေးနဲ့ ပတ်သက်ပြီးတော့ စတင်ပြီးတော့ စဉ်းစားပါလို့ ကျနော်က ပြောချင်တယ်။ ဒီနှစ်သစ်မှာ ပြောချင်တဲ့စကားကတော့ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေးက ပထမ၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးက ဒုတိယ၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးက တတိယလို့ ကျနော်တို့ ပြောချင်ပါတယ်။ အခိုင်အမာကို ပြောချင်ပါတယ်။ နှစ်သစ်မှာ ကျနော်တို့ပြောတဲ့စကားထဲမှာ တခြားကိစ္စထက် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စသာဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့လို လူလတ်တန်း တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့သူတွေ ပါဝင်နေသလို တိုင်းပြည်အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွတ်ရေးဟာ ဒီနှစ်သစ်မှာ သူတိုရဲ့ အရေးကြီးဆုံး တောင်းဆိုချက်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောခဲ့ပါတယ်။

ဒီနေ့မှာပဲ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်တွင်းက အောင်မြေသာယာဘုရားမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ်က လူငယ်တွေအပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲတခုကိုလည်း လုပ်ခဲ့ပါတယ်။ ဦးဆောင်ပါဝင်သူ လူငယ်တဦး ပြောပြတာကတော့ -

“နိုင်ငံရေးအကျဉ်းသားအကုန်လုံး လွတ်မြောက်ရေး ဆုတောင်းပွဲပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ လှိုင်သာယာမှာလည်း ၂၇၊ ၂၈ ယောက်လောက် ရှိတာကိုး။ အောင်မြေသာယာဘုရားမှာ မနက် ၈ နာရီခွဲလောက်က လုပ်သွားတာပေါ့၊ ကျနော်တို့ကတော့ မြန်မာတပြည်လုံးမှာ ရှိနေတဲ့ မတရားဖမ်းဆီး ချုပ်နှောင်ခံရတဲ့ အကျဉ်းကျခံရတဲ့သူတွေ အမြန်ဆုံးလွတ်မြောက်ရေး၊ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ဆုတောင်းမေတ္တာပို့တယ်ဆိုတာ ဒါ မြန်မာလူမျိုးတွေ အစဉ်အဆက် အရင်ကတည်းက လုပ်နေကျလေ။ ကျနော်တို့ကတော့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ ၂၀၁၁ ခုနှစ်ကစပြီးတော့ နောက်ပိုင်းမှာ၊ အခုတင်မကဘူးခင်ဗျ နောက်ပိုင်းကာလတွေမှာ ဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်ဖို့အတွက် ရည်ရွယ်ပါတယ်။ အဲဒါ အဓိက ရည်ရွယ်ချက်ကတော့လေ။”

မြန်မာနိုင်ငံမှာ နှစ်ရှည်အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ရှိနေပြီး ကျန်းမာရေးဆိုးရွားနေသူ၊ အသက်အရွယ်ကြီးသူ နိုင်ငံရေး အကျဉ်းသားတွေလည်း အများအပြား ရှိနေဆဲဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား၂,၀၀၀ ကျော်ဟာ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေဆီကို ပို့ဆောင်ခြင်း ခံထားရပြီး ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာ မရတာကြောင့် အကျဉ်းသား အတော်များများဟာ ကူးစက်ရောဂါတွေနဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ လေဖြတ်ရောဂါတွေကို ခံစားနေကြရပါတယ်။

XS
SM
MD
LG