သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ။ (သြဂုတ် ၂၀၊ ၂၀၁၀)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ။ (သြဂုတ် ၂၀၊ ၂၀၁၀)
လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့ ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က ပြောပါတယ်။ ဦးလှဆွေကတော့ သူ့ကို တရားစွဲဖို့ ရှိနေတဲ့ အပေါ်မှာ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမျိုးမရှိသလိုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို အလွယ်တကူ တရားဆွဲဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ လည်း ပြန်လည်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့
ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်
ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်ကို ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့
ဖွံ့ဖြိုးရးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အင်တာဗျူး
တစ်ခု မှာ ပုတ်ခတ်ပြောကြားခဲ့တာနဲ့ ပါတ်သက်လို့ NLD ပါတီက သူ့ကို
တရားစွဲဖို့ စတင်ပြင်ဆင်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရှိသူ ဗဟို
အလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်၊

" ဟုတ်တယ်။ ကျနော်တို့ပြင်ဆင်နေပါတယ်။ ပြည့်စုံတဲ့အခါကျရင် တင်ပါ့မယ်။"

ပြည်တွင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးလှဆွေက “အင်န်အယ်လ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ အသုံးမကျဘူး လို့ ပြောခဲ့တာနဲ့ အဖွဲ့ချုပ်ကို ဒီရှုပ်ပါတီ လို့ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အပေါ်မှာ အဖွဲ့ချုပ်က တရားစွဲဖို့ ပြင် ဆင်နေ တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်၊

ဦးလှဆွေရဲ့ ပြောဆိုမှုတွေဟာ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အတွက်
ပါတီဘက်က တရားစွဲဖို့ ပြင်ဆင်တာနေတာဖြစ်တဲ့အပြင် သူတို့ဖက်က တရားစွဲဖို့ အသေအချာ ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း ဆိုပါတယ်၊

"ကျနော်တို့ အဓိက လူကြီးအချင်းချင်း တိုင်ပင်တဲ့အခါ သူ့ကိုတော့ တရားစွဲမှဖြစ်မယ်လို့ အိုင်ဒီယာရကြတယ်။ ဒါပေမဲ့ သူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ကိုတရားစွဲတာ အရမ်းကာရော လုပ်လို့မရဘူး။ လွှတ်တော်ဥက္ကဋ္ဌအထိ တင်ပြရမယ်။ ဥက္ကဋ္ဌက နေပြီးတော့ သဘောပေါက်ပြီဆိုတော့မှ ၊ ဥပဒေအရ သဘောပေါက်ပြီဆိုတော့မှ တရားစွဲရမှာ။ အဲ့ဒီ့အနေအထားရှိတယ်။

နောက်တခု ကျနော်တို့ မီဒီယာထဲမှာ တွေ့လိုက်တာက ကျနော်တို့အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဦးလှဆွေကို တရားစွဲဖို့အတွက် စာနဲ့ပေနဲ့တော့ ပြင်ဆင်ပြီးပြီလို့ ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဆိုတော့ တကယ်ဖြစ်လာမယ့်သဘောပေါ့။ သို့သော် ဘာလဲဆိုလို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြတော့မယ်။"

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရးပါတီရဲ့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ကို တရားစွဲတဲ့ နေရာမှာ လွှတ်တော် ဥက္ကဋ္ဌတွေက ခွင့်ပြုမှတရားစွဲလို့ရမယ်ဆိုတဲ့ အချက်ရှိတာကြောင့် သူ့ကို တရားစွဲဖို့
အဖွဲ့ချုပ်က ပြင်ဆင်နေပေမဲ့ သူ့အနေနဲ့တော့ အဲဒီအပေါ်မှာ တစ်စုံတစ်ရာ
ပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူဝေဖန်ပြောခဲ့တာနဲ့ ပါတ်သက်လို့
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းတွေက နောက်ပိုင်း ဒါမျိုးတွေ
မပြောဖို့ သူ့ကို ပြောဆိုခဲ့တယ်လို့လဲ ဦးလှဆွေက ပြောပါတယ်၊

"ကျနော်တို့ အခုလူကြီးတွေကတော့ မှာထားတယ်။ NLD ကိုပြောတာတွေ မပြောပါနဲ့လို့မှာထားတယ်ဗျ။ မှာထားတဲ့အတွက်ကြောင့် ကျနော်က NLD ကို မပြောပါဘူး။ အဲ့ ဒီက ရှေ့လျောက်လည်း မပြောတော့ဘူး။ မပြောတော့ဘူးဆိုတာက သူတို့ပြောတာ များလွန်းလို့သာလျှင် ကျနော်က ပြန်ပြောတာလေ။ လူကြီးတွေကလည်း မှာထားတယ်။ မင်း NLD ကို ဘာမှ မပြောပါနဲ့ကွာ။ သူတို့ပြောချင်ရာ ပြော ငြိမ်ခံနေလိုက်လို့ပြောတယ်။

အခြေခံဥပဒေပြင်မယ့် ၁၀၉ဦးဖွဲ့တုန်းကလေ အဲ့ဒီ့လူတွေက အပြောင်းအလဲကို ပြောင်းလဲဟန့်တားပြုလိုသော စိတ်ဓာတ်အခံရှိသူတွေ၊ တတ္တိဝိလာပ၊ ဝိဇ္ဇာဝိလာပ၊ စိတ္တဝိလာပ အယူမှား၊ အမြင်မှား၊ အတွေးမှား သမားတွေဆိုပြီး ကျနော်တို့ကို စွတ်စွဲတယ်ဗျ။ နောက်တခါ သမ္မတ ဖြစ်ဖို့ နေရာပေးလိုက်ပါရက် လက်တဆုပ်စာ လူထု အာဏာရအသင်းအဖွဲ့ အသင်းအပင်းဆိုပြီး ကျနော်တို့ကို ဒီလိုပြောတယ်ဗျာ။

နောက်တခါ ၁၀ရက် ၂လမှာ ဘာပြောလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲ မှာတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်းများ၊ ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ်နိုင်ခဲ့ခြင်းဟာ လွတ်လပ်ပြီး တရားမျှတခြင်း ရှိ၊ မရှိဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားခဲ့တယ်ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောတယ်။

ပြောတဲ့အခါကျတော့ ကျနော်ကပြောတယ်။ ဆိုလိုတာက ၂၀၁၀မှာ ကျနော်တို့က မဲလိမ်ပြီးတော့ ရောက်လာတယ်ပေါ့ဗျာ။ ၂၀၁၀မှာ မဲလိမ်ပြီးတော့ ရောက်လာတော့ အခု လွှတ်တော်ဥက္ကဋ္ဌတွေရော၊ သမ္မတတွေရော၊ ဒါတွေကို ပြောတာနဲ့ အတူတူပဲဗျ။ ဒါတွေကို ကျနော်တို့ ငြိမ်ခံခဲ့ကြတယ်ဗျ။"

အမေရိကန်၊ ဗြိတိန်စတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေး သမားတွေ
တယောက်နဲ့ တယောက်ကြား၊ နိုင်ငံရေးပါတီတခုနဲ့တခုကြားမှာ အပြန်အလှန်
ပြစ်တင်ဝေဖန်ပြောဆိုမှုတွေရှိပါတယ်၊ မြန်မာနိုင်ငံမှာတော့ အခုလို
အင်အားကြီး ပါတီ ၂ ခု အကြား တရားစွဲဖို့အထိ ဖြစ်လာတာဟာ တစ်ဖက်နဲ့ တစ်ဖက်သူတို့ ဒီကိစ္စ အပေါ်လက်ခံ၊တိုင်းတာ ရှုမြင်ပုံပေါ်မှာ မူတည်တယ်လို့
ပြည်တွင်းက ဝါရင့်သတင်းစာဆရာတစ်ဦး ဖြစ်တဲ့ ဦးစည်သူအောင်မြင့် က
အခုလို သုံးသပ်ပြောဆိုပါတယ်။

"တဖက်နဲ့တဖက်၊ နောက်နိုင်ငံရေးသမား တစ်ယောက်နဲ့တစ်ယောက် ခံယူပုံခြင်း မတူကြဘူး။ တချို့တွေကျတော့ ဟုတ်တယ်။ ကိုယ်လည်းပြောမှာပဲ။ သူလည်း ပြောပါစေ၊သဘောထားတာ ရှိသလိုမျိုး။ တည်ဆဲဥပဒေကို ကျော်ပြီးတော့တော့ မလုပ်နဲ့ပေါ့နော်။ အဲ့လိုမျိုး တရားစွဲတယ်ဆိုတာလည်း သူတို့က ဥပဒေရဲ့ ခံယူတဲ့သဘောပါပဲ။ အပြစ်ပြောစရာမရှိပါဘူး။ NLD ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဦးလှဆွေတို့ဘက်ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဒါ တဖက်ကလည်း သူပြောရေးဆိုခွင့်ရှိလို့ပြောတယ်။ တဖက်ကလည်း တရားဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ်လေ။ ဒါ ဘယ်နိုင်ငံသားမဆိုပေါ့။"

ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်၊ ပြည်ထောင်စု လွှတ်တော်ရဲ့ နာယက
လည်း ဖြစ်တဲ့ သူရဦးရွှေမန်းက တော့ နှစ်ပါတီ အကြား အခုလို ဖြစ်ရတာဟာ ပါတီဝင် တွေ အကြား စကားပြောဆိုပုံ လွဲမှားတာကြောင့် ဖြစ်ပြီးတော့ ပါတီ ဥက္ကဋ္ဌတွေ အကြား မျက်နှာပူစရာ ဖြစ်ရတယ်လို့ နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့မတ်လအတွင်း တွေ့ဆုံမှုတစ်ခု မှာ ပြောဆိုခဲ့ဖူးပါတယ်။
XS
SM
MD
LG