သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နောက်ဆုံး ရလဒ် NLD ဆက်လက်အသာရ


 ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှာ မဲဆွယ်စည်းရုံးစဉ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှာ မဲဆွယ်စည်းရုံးစဉ်။

နောက်ဆုံးထွက်တဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူ့လွှတ်တော်မှာ အမတ် နေရာ ၁၇၉ ထက်မနည်း ရထားပြီးပါပြီ။ အမျိုးသားလွှတ်တော်မှာ ၇၇ နေရာနဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေမှာ ၂၃၄ နေရာ ရထားပါပြီ။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်လွှတ်တော် ၃၀ နေရာ အသီးသီးရထားပါတယ်။

တခြားပါတီအသီးသီးက ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၃၀ နေရာ ရထားကြပါတယ်။

ဒီကနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရလဒ်ကြေညာချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှာ အနိုင်ရတဲ့ ရလဒ်လဲပါဝင်ပါတယ်။

XS
SM
MD
LG