သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အင်တာနက် ဝက်ဘ်ဆိုက်ဒ် စတင်ဖွင့်လှစ်


NLD အင်တာနက် ဝက်ဘ်ဆိုက်ဒ် စတင်ဖွင့်လှစ်
NLD အင်တာနက် ဝက်ဘ်ဆိုက်ဒ် စတင်ဖွင့်လှစ်

ပြည်တွင်း ပြည်ပ ပြည်သူ့ကွန်ယက် ဖွဲ့ရာမှာ ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်တာက အဓိက ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စတင်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောဆိုလိုက်ပါတယ်။

NLD ဝက်ဘ်ဆိုက်ဒ်ကို ပေးပို့တဲ့ နှုတ်ခွန်းစကားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောထားတာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတဝန်း သိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီ အင်တာနက် စာမျက်နှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ကိုင်တာတော့ မဟုတ်ဘူးလို့လည်း သူက ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ အင်တာနက် စာမျက်နှာက ဆက်သွယ်ကြခြင်းအားဖြင့် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီး မြန်မြန် ပေါ်ထွန်းလာလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း နှုတ်ခွန်းဆက် စကားထဲမှာ ပြောကြားသွားခဲ့တာပါ။

အင်တာနက် စာမျက်နှာ လိပ်စာကတော့ www.nldburma.org ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ တင်ထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG