သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်အိမ် စီးနင်းပုံ စာအုပ်ရေးသူကို ပင်တာဂွန် တရားစွဲမည်


ခက်ခဲတဲ့ နေ့ တွေ (No easy days) လို့ နံမည်ပေးထားတဲ့ အဲဒီစာအုပ်ကို Mark Owen ဆိုတဲ့နံမည်သုံးထားတဲ့ အသက် ၃၆ နှစ် အရွယ် ရေတပ်အထူးတပ်ဖွဲ့ဝင် ကရေးသားထားတာဖြစ်ပါတယ်။
ခက်ခဲတဲ့ နေ့ တွေ (No easy days) လို့ နံမည်ပေးထားတဲ့ အဲဒီစာအုပ်ကို Mark Owen ဆိုတဲ့နံမည်သုံးထားတဲ့ အသက် ၃၆ နှစ် အရွယ် ရေတပ်အထူးတပ်ဖွဲ့ဝင် ကရေးသားထားတာဖြစ်ပါတယ်။
အကြမ်းဖက်ခေါင်းဆောင် Osama bin Laden ကို နှိမ်နင်းသုတ်သင်တဲ့ စီးနင်းတိုက်ခိုက်မှု မှာ ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်ရေးသားခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင် ဟောင်းတယောက် ကို သူ့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ Pentagon စစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။

ကြာသာပတေးနေ့က အဲဒီစာရေးသူကို ပေးတဲ့ စာမှာ ၊ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ ဝင် အနေနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့ ဖော်ထုတ်တင်ပြခွင့်မရှိတဲ့ စည်းကမ်း ကို ချိုး ဖောက် ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Pentagon စစ်ဌာနချုပ်ကဖော်ပြထားပါတယ်။ ဒီစာအုပ်ရေးသားမှုအတွက် စာရေးသူူဟာပြစ်မှု စွဲဆိုခံရနိုင်စရာရှိပြီး အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေဖက်ကလဲ ခွင့်ပြု ချက်မပေးခဲ့ပါဘူး။

ခက်ခဲတဲ့ နေ့ တွေ (No easy days) လို့ နံမယ်ပေးထားတဲ့ အဲဒီစာအုပ်ကို Mark Owen ဆိုတဲ့ နံမယ် သုံးထားတဲ့ အသက် ၃၆ နှစ် အရွယ် ရေတပ်အထူးတပ်ဖွဲ့ဝင် ကရေးသားထားတာဖြစ်ပါတယ်။မနှစ်တုံးက ပါကစ္စတန်မှာ လုပ်ခဲ့တဲ့ အထူးူစစ်ဆင်ရေးရဲ့ တရားဝင်အ ချက်အလက်နဲ့ ကွဲပြားပြီး လက်နက်မပါတဲ့ အကြမ်းဖက်ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ကို အခန်းထဲဝင်တဲ့ လျောက်လမ်းပေါ်မှာ ပစ်ခတ်ခဲ့တယ်လို့ ကိုယ်တိုင် အတွေ့အကြုံအဖြစ်သူူကရေးသားထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်မေလက အထူးတပ်ဖွဲ့ဝင် တွေဟာ အကြမ်းဖက်ခေါင်းဆောင် Bin Laden ကို သူ့ ရဲ့ လက်နက် ကို ယူဖို့ကြိုးစားနေတုံးူရင်ညွန့်နဲ့ ဘယ်မျက်လုံး အပေါ်နေရာတွေကို ပစ်ခတ်ခဲ့ တယ် လို့ လက်ရှိ အစိုးရအဖွဲ့ ရဲ့ သိမ်းဆည် းထားတဲ့ အချက်အလက်တွေ ကဖော်ပြထားတာဖြစ်ပါတယ်။
XS
SM
MD
LG