သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် ဝန်ကြီးချုပ် အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမား တွေ့မည် မဟုတ်


အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu။
အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu။

အစ္စရေးလ် ဝန်ကြီးချုပ် ဘန်ဂျမင်န် နေတန်ယာဟု မတ်လ အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့တော်ကို လာရောက်တဲ့အခါ သမ္မတ ဘရာ့ခ်အိုဘားမားက တွေ့ဆုံမှာ မဟုတ်ဘူးလို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။ မစ္စတာနေတန် ယာဟုဟာ အထက်အောက် လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက် လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ လာရောက်မှာပါ။

ကာလရှည်ကြာ ကိုင်စွဲလာတဲ့ မူဝါဒနဲ့ စည်းကမ်းတွေအရ တခြားနိုင်ငံတွေရဲ့ အကြီးအကဲတွေ သူတို့နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ နီးကပ်နေတဲ့အချိန်မျိုး အမေရိကန်ကို လာရောက်ရင် အမေရိကန်သမ္မတက မတွေ့ပါဘူးလို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့် ရအမျိုးသမီးက ကြာသပတေးနေ့မှာပြောပါတယ်။

မစ္စတာနေတန်ယာဟုဟာ အစ္စရေးလ်မှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် သီတင်းနှစ်ပတ် အလို မတ်လ ၃ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့တော် ကို ရောက်လာမှာပါ။ မစ္စတာနေတန်ယာဟု ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး သမ္မတအိုဘားမားရဲ့ နိုင်ငံရေးအတိုက်အခံ အောက်လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင် ဂျွန် ဘေနာက ကြိုတင်မျှော်လင့်မထားဘဲ ဗုဒ္ဓဟူးနေ့မှာ ကြေညာပြီးတဲ့နောက် အိမ်ဖြူတော်ဘက်က အခု တုန့်ပြန် ချက်ထွက်လာတာပါ။

ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့၊ အမေရိကန်ပြည်ထောင်စုပေါ် အစွန်းရောက်အစ္စလာမ်တွေနဲ့ အီရန်နိုင်ငံတို့ရဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေအကြောင်းပြောဖို့ ဂျူးနိုင်ငံတော်အကြီးအကဲကို ဖိတ်ကြားထားတာဖြစ်တယ်လို့ မစ္စတာဘေနာက ပြောပါတယ်။

XS
SM
MD
LG