သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြန်ပို့ရေး လက်တွေ့ဖြစ်နိုင်ခြေမရှိ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ပို့မယ့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြစဉ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ပို့မယ့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြစဉ်။

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ကို ပြန်ပို့နိုင်ရေးအတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် လက်တွေ့ဖြစ်နိုင်ခြေမရှိဘူးလို့ Cox’s Bazar မှာရှိတဲ့ အကြီးတန်းကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ms. Sumbul Rizvi က ပြောပါတယ်။

UNHCR ၊ UNDP နဲ့ မြန်မာအစိုးရတို့အကြား ဒုက္ခသည်တွေ ပြန်ပို့နိုင်ရေးကို အထောက်အကူပြုစေမယ့် အခြေအနေတွေ ဖန်တီးနိုင်ရေးအတွက် ဆွေးနွေးနေပေမယ့် လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ Ms. Rizvi က ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရိုဟင်ဂျာ ၉ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထားကြပြီး အဲဒီအထဲက အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း Ms. Rizvi က ပြောပါတယ်။

ဒါ့အပြင် - သူတို့ကို ဖိနှိပ်ညှဉ်းပမ်းမှာ စိုးရိမ်ရတဲ့အတွက် လူတွေ အခုလောက် အများအပြား ထွက်ပြေးလာ တာကို သူ့အနေနဲ့ မတွေ့ဖူးဘူးလို့လည်း Kolkata မြို့အခြေစိုက် Calcutta သုတေသနအဖွဲ့က ဦးဆောင်ပြုလုပ် တဲ့ “ဒုက္ခသည်များနဲ့ ရွေ့ပြောင်း နေထိုင်သူများအတွက် အကာကွယ်ပေးရေးစံနစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အခမ်းအနားမှာ Ms. Rizvi က ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ရွေ့ပြောင်းနေထိုင်သူများအရေးနဲ့ ပတ်သက်လို့ Kolkata Declaration လို့ခေါ်တဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြပါတယ်။ ဒုက္ခသည်၊ ရွှေ့ပြောင်းနေထိုင်သူများနဲ့ တိုင်းပြည်မဲ့နေသူ တွေအတွက် စက်တင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း ဒီကြေညာချက်ထုတ်ပြန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများအရေး ကျွမ်းကျင်သူတွေက ပြန်လည် သုံးသပ်ခဲ့ကြပါတယ်။

please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG