သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စစ်ရေး လှုပ်ရှားမှု အမေရိကန် မတွေ့ရ


အမေရိကန်နိုင်ငံက Stealth jet တိုက်လေယာဉ်တွေ စမ်းသပ် ပျံသန်းခဲ့ပြီး တဲ့နောက် မြောက်ကိုရီးယားက ရန်စ ပြောဆိုမှုတွေ လုပ်နေချိန်မှာပဲ တင်းမာမှု အရှိန်မြင့်မားလာတဲ့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြားမှာ တောင်ကိုရီးယား
နိုင်ငံ စစ်တပ်အနေနဲ့ မြောက်ကိုရီးယားရဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်သလို အလျင်အမြန် လက်တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ က ပြောဆိုလိုက် ပါတယ်။

နိုင်ငံရေးအရ ထည့်တွက်စဉ်းစားမှုတွေ လုပ်စရာမလိုဘဲ မြောက်ကိုရီးယားဘက်က လှုံ့ဆော် ရန်စမှုတွေကို တုံ့ပြန် အရေးယူ ဆောင်ရွက်ဖို့ တနင်္လာနေ့က ထိပ်တန်း ကာကွယ်ရေး အရာရှိကြီးတွေနဲ့ ဆွေးနွေးပွဲမှာ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ တရက်ကြာ နှစ်ပတ်လည် လွှတ်တော် အစည်းအဝေးအပြီး လက်ရှိ အာဏာရပါတီ ခေါင်းဆောင်တွေက နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် တိုးချဲ့ရေးနဲ့ ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ရေးလုပ်ငန်းကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်ချက် ထွက်လာချိန်မှာပဲ အခုလို တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) ရဲ့ ပြတ်သားတဲ့ သတင်းစကားကို ကြားကြရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း မြောက်ကိုရီးယား နိုင်ငံဘက်က ရန်စပြောဆိုမှုတွေ ပြုလုပ်နေပေမဲ့ စစ်ရေး လှုပ်ရှားမှု တစုံတရာ မတွေ့ရသေးဘူးလို့ တနင်္လာနေ့က အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေက မြောက်ကိုရီးယားရဲ့ ရန်စပြောဆိုမှု နဲ့ လက်တွေ့အခြေအနေ ၂ မျိုးစလုံးကို အနီးကပ် စောင့်ကြည့်လေ့လာနေတယ်လို့
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနေး (Jay Carney) က ပြောဆိုပါတယ်။
XS
SM
MD
LG