သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတုဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆု ဇီဝရူပဗေဒပညာရှင် သုံးဦးရရှိ


ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင်တွေ အဖြစ် Jacques Dubochet၊ Joachim Frank နဲ့ Richard Henderson တို့ကို ရွေးချယ်လိုက်ပါတယ်။

ဇီ၀ မော်လီကျူးတွေရဲ့ ပုံရိပ်တွေ ထုတ်ရာမှာ ကောင်းမွန် ရှင်းလင်းအောင် ဆောင်ရွက်ခဲ့မှု အတွက် အခုလို ရွေးချယ်ခံရတာပါ။ တော်ဝင် ဆွီဒင် သိပ္ပံအသင်းကြီးက ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင်တွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာ ဖြစ်ပြီး ဆုကြေးကတော့ ဒေါ်လာ ၁ သန်း ၁ သိန်းရရှိမှာ ဖြစ်ပါတယ်။

မော်လီကျူးတွေရဲ့ ပုံရိပ်တွေကို သုံးဘက်မြင် 3-D တွေနဲ့ ထုတ်နိုင်မယ့် နည်းလမ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ကြတဲ့ ဒီ သိပ္ပံပညာရှင်တွေရဲ့ ဆောင်ရွက်ချက်ဟာဆိုရင် ဇီဝဓာတု ပညာရပ် နယ်ပယ်အတွက် ခေတ်သစ်တခုကို ဆောင်ကျဉ်းပေးခဲ့တာ ဖြစ်တယ်လို့လည်း တော်ဝင် ဆွီဒင်သိပ္ပံ အသင်းကြီးက ပြောဆိုထားပါတယ်။ သုတေသနပြု လေ့လာသူတွေအနေနဲ့ အရင်တုန်းကတခါမှ မမြင်ခဲ့ဘူးတဲ့ ဇီဝဓါတုလည်ပတ်မှုစနစ်ကို ပုံဖော်လာနိုင်ပြီးတော့၊ အဲဒါဟာဆိုရင်

သက်ရှိတွေရဲ့ ဓာတုစနစ် အခြေခံတွေကို နားလည်ဖို့နဲ့ ဆေးဝါး ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်ပါ အရေးပါတယ်လို့လည်း တော်ဝင် ဆွီဒင် သိပ္ပံအသင်းကြီးက ပြောဆိုထားပါတယ်။

ဓါတုဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆု ဇီဝရူပဗေဒပညာရှင် သုံးဦးရရှိ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG