{Zawgyi/Unicode}
စီးပြားေရး ပညာရွင္ David Card ၊ Joshua Angrist နဲ႔ Guido Imbens တို႔ သုံးဦး ၂၀၂၁ ခုႏွစ္အတြက္ စီးပြားေရးဆိုင္ရာ ႏိုဘယ္ဆု ပူးတြဲ ဆြတ္ခူးေၾကာင္း ဆြီဒင္ ေတာ္ဝင္သိပၸံအကယ္ဒမီက ဒီကေန႔ တနလၤာေန႔မွာ ေၾကညာလိုက္ပါတယ္။
ကေနဒါႏိုင္ငံဖြား David Card ကို ကုန္ထုတ္စြမ္းအားစုအေျခခံ စီးပြားေရးဘာသာရပ္ကို လက္ေတြ႔ ပိုမိုသိျမင္လာေအာင္ အေထာက္အကူ ျပဳခဲ့တာေၾကာင့္ အခုလို ႏိုဘယ္ဆု ေပးအပ္တာလို႔ ဆြီဒင္ ေတာ္ဝင္သိပၸံအကယ္ဒမီက ေၾကညာပါတယ္။ စီးပြားေရးဘာသာရပ္ ႏိုဘယ္ဆုတဝက္ကို ပူးတြဲရရွိခဲ့တဲ့ Angrist နဲ႔ Imbens တို႔ကိုေတာ့ သူတို႔ရဲ႕ ကုန္ထုတ္ဆက္ဆံေရး စီးပြားေရး ဘာသာရပ္ ဆိုင္ရာ ခ်ဥ္းကပ္မႈ နည္းလမ္းေတြေၾကာင့္ အခုလို ႏိုဘယ္ဆု ခ်ီးျမႇင့္တာလို႔ ေျပာပါတယ္။
ကမာၻမွာ ထင္ရွားတဲ့ႏိုဘယ္ဆုေတြကို သိပၸံ၊ စာေပ နဲ႔ ၿငိမ္းခ်မ္းေရးဆိုင္ရာ စြမ္းေဆာင္မႈေတြအတြက္ ႏွစ္စဥ္ ခ်ီးက်ဴး ဂုဏ္ျပဳေပးအပ္ေလ့ရွိပါတယ္။ တျခားႏိုဘယ္ဆုေတြနည္းတူ ဒီကေန႔ ခ်ီးျမႇင့္တဲ့ စီးပြားေရးဘာသာရပ္ဆိုင္ရာ ႏိုဘယ္ဆုအတြက္ ဆုေငြ အေမရိကန္ ေဒၚလာ ၁.၁ သန္း ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။
----------
{Unicode}
စီးပွားရေးနိုဘယ်ဆု စီးပွားရေးပညာရှင်သုံးဦးပူးတွဲရရှိ
စီးပွားရေး ပညာရှင် David Card ၊ Joshua Angrist နဲ့ Guido Imbens တို့ သုံးဦး ၂၀၂၁ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ပူးတွဲ ဆွတ်ခူးကြောင်း ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ဒီကနေ့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
ကနေဒါနိုင်ငံဖွား David Card ကို ကုန်ထုတ်စွမ်းအားစုအခြေခံ စီးပွားရေးဘာသာရပ်ကို လက်တွေ့ ပိုမိုသိမြင်လာအောင် အထောက်အကူ ပြုခဲ့တာကြောင့် အခုလို နိုဘယ်ဆု ပေးအပ်တာလို့ ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ကြေညာပါတယ်။ စီးပွားရေးဘာသာရပ် နိုဘယ်ဆုတဝက်ကို ပူးတွဲရရှိခဲ့တဲ့ Angrist နဲ့ Imbens တို့ကိုတော့ သူတို့ရဲ့ ကုန်ထုတ်ဆက်ဆံရေး စီးပွားရေး ဘာသာရပ် ဆိုင်ရာ ချဉ်းကပ်မှု နည်းလမ်းတွေကြောင့် အခုလို နိုဘယ်ဆု ချီးမြှင့်တာလို့ ပြောပါတယ်။
ကမ္ဘာမှာ ထင်ရှားတဲ့နိုဘယ်ဆုတွေကို သိပ္ပံ၊ စာပေ နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ စွမ်းဆောင်မှုတွေအတွက် နှစ်စဉ် ချီးကျူး ဂုဏ်ပြုပေးအပ်လေ့ရှိပါတယ်။ တခြားနိုဘယ်ဆုတွေနည်းတူ ဒီကနေ့ ချီးမြှင့်တဲ့ စီးပွားရေးဘာသာရပ်ဆိုင်ရာ နိုဘယ်ဆုအတွက် ဆုငွေ အမေရိကန် ဒေါ်လာ ၁.၁ သန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။
#NobelEconomicPrize #Economics #VOABurmese