သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်ဆုပေးပွဲတက်ဖို့ ရုရှားနဲ့ ဘဲလားရုစ်ဖိတ်ကြားချက် ပြန်ရုပ်သိမ်း


Sweden Nobel
Sweden Nobel

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကျင်းပမယ့် နိုဘဲလ်ဆုပေးပွဲတက်ဖို့ ရုရှားနဲ့ Belarus နိုင်ငံတွေက သံအမတ်တွေကို ဖိတ်ကြားထားတာကို ဖျက်သိမ်းလိုက်ကြောင်း နိုဘဲလ်ကော်မီတီက ဒီကနေ့ ပြောပါတယ်။ အဲဒီလို ဖိတ်ကြားတဲ့အပေါ် ကန့်ကွက်မှုတွေ ထွက်လာအပြီးမှာ သံအမတ် ၂ ဦးကို မဖိတ်တော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာကြောင့် ၂၀၂၂ ခုနှစ်တုန်းက ရုရှားနဲ့ Belarus နိုင်ငံတို့က သံအမတ်တွေကို နိုဘဲလ်ဆုပေးပွဲအခမ်းအနားနဲ့ ဧည့်ခံပွဲတွေကို မဖိတ်ဘို့၊ နိုဘဲလ်ကော်မီတီက ဆုံးဖြတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အရင်ကအတိုင်း အဲဒီ ၂ နိုင်ငံက သံအမတ်တွေအပါအဝင် ဆွီဒင်နိုင်ငံမှာ ရှိနေတဲ့ သံရုံးအားလုံးက သံအမတ်တွေကို ဖိတ်မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ နိုဘဲလ်ကော်မီတီက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကော်မီတီရဲ့ အဲဒီ ဆုံးဖြတ်ချက်အပေါ် ဒေါသနဲ့တုန့်ပြန်မှု အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

နိုဘဲလ်ဆုရဲ့ စံတန်ဖိုးနဲ့ သတင်းစကားကို အတတ်နိုင်ဆုံး၊ အကျယ်ပြန့်ဆုံး ဖြန့်နိုင်ချိနိုင်ရေးဟာ အရေးကြီးကြောင်း ကော်မီတီရဲ့ ယုံကြည်ချက်နဲ့အညီ ဒီ ဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်တယ်လို့ စနေနေ့မှာ ပြောပါတယ်။ ဒါပေမယ့်လည်း ပြင်းထန်တဲ့ ကန့်ကွက်မှုတွေက အဲဒီ ရပ်တည် လုပ်ဆောင်ချက်ကို ကျော်လွန်သွားတယ်လို့ ဆိုပါတယ်။

အီရန်အစိုးရက တိုင်းပြည်အတွင်း ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းတုန်းကလည်း နိုဘဲလ်ကော်မီတီက အီရန်သံအမတ်ကို မဖိတ်ဘဲ ထားခဲ့ဘူးပါတယ်။

နော်ဝေအစိုးရကတော့ အော်စလိုမြို့မှာ ကျင်းပမယ့် နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးပွဲနဲ့ ဧည့်ခံပြွတွေကို မနှစ်က ပြုလုပ်ခဲ့တဲ့အတိုင်း ဒီနှစ်မှာလည်း ဒီနှစ်မှာလည်း သံအမတ်တွေအားလုံးကို ဖိတ်ကြားသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG