သုံးရလွယ်ကူစေသည့် Link များ

Liu Xiaobo လွှတ်ပေးဖို့ နိုဘယ်လ် ဆုရှင်တွေ တောင်းဆို


တရုတ်အစိုးရနဲ့ သဘောထားကွဲလွဲသူ နိုဘဲလ်ငြိမ်ချမ်းရေးဆုရှင် Liu Xiaobo။
တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူရှောင်ဘို ကို ပြန်လွှတ်ပေးဖို့အတွက် တရုတ်နိုင်ငံမှာ နောက်တက်လာမယ့် သမ္မတလောင်း ရှီကျင်းပင်ကို ကမ္ဘာ တလွှားက နိုဘယ်ဆုရှင် (၁၀၀) ကျော်က တိုက်တွန်းသွားပါတယ်။

အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်မှုနဲ့ ထောင်ဒဏ် (၁၁) နှစ်ချခံရတဲ့ Mr. Lui ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ နိုဘယ်လ်ဆုရှင် (၁၃၄) ဦးက Mr. Xi ဆီကို အင်္ဂါနေ့မှာပဲ တိုက်တွန်းသွားခဲ့ကြ ပါတယ်။

Mr. Lui ရဲ့ ဇနီးဖြစ်သူကိုလည်း ခင်ပွန်းသည် ၂၀၁၀ မှာ နိုဘဲလ်ဆု ရပြီးကတည်းက နေအိမ် အကျယ် ချုပ် ချထားရာကနေ ပြန်လွှတ်ပေးဖို့ သူတို့က တောင်းဆိုကြပါတယ်။

မစ္စတာလျူနဲ့သူ့ရဲ့ဇနီးကို အချုပ်က ပြန်လွှတ်ပေးတာဟာ တရုတ်နိုင်ငံသားတွေရဲ့ အခြေခံကျတဲ့ အခွင့် အရေးကို လိုက်နာကျင့်သုံးတဲ့နေရာမှာ အရေးကြီးတဲ့ ပထမခြေလှမ်း ဖြစ်တယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အပါအ၀င် နိုဘဲလ် ဆုရှင်တွေက တိုက်တွန်းသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG