သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး နိုဘဲလ်ဆု အမျိုးသမီး ၃ ဦး ပူးတွဲရရှိ

၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပူးတွဲရရှိသူများ Tawakkul Karman (ဝဲ)၊ Leymah Gbowee (လယ်)၊ Ellen Johnson Sirleaf (ယာ)
၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပူးတွဲရရှိသူများ Tawakkul Karman (ဝဲ)၊ Leymah Gbowee (လယ်)၊ Ellen Johnson Sirleaf (ယာ)

ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး အခွင့်အရေးတွေအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားနေကြတဲ့ လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf၊ လိုင်ဘေးရီးယားနိုင်ငံက ငြိမ်းချမ်းရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့ Leymah Gbowee နဲ့ ယီမင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Tawakkul Karman တို့ ၃ ဦးကို ပူးတွဲ ပေးအပ်လိုက်ပါတယ်။

ဒီအမျိုးသမီး ၃ ဦးဟာ အမျိုးသမီးတွေ အားလုံးရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ အမျိုးသမီးတွေ အပြည့်အ၀ ပါဝင်လုပ်ဆောင်ခွင့် ရရေးတို့အတွက် အကြမ်းမဖက်ဘဲ လှုပ်ရှားခဲ့ကြတဲ့အပေါ် အခုလို ကမ္ဘာမှာ အမြင့်ဆုံးဆုကြီးကို ပေးလိုက်တာဖြစ်တယ်လို့ နော်ဝေနိုင်ငံ နိုဘဲလ်ဆု ကော်မတီက ဒီကနေ့ အော်စလိုမြို့တော်မှာ ကြေညာလိုက်ပါတယ်။

ဒီကော်မတီကပဲ အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရသ၍ ကမ္ဘာပေါ်မှာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဆိုပါတယ်။

အခုလို ဆုရရှိသူတစ်ဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ကလေး ၃ ဦးမိခင် Tawakkul Karman ဟာ နိုဘဲလ်ဆု ပထမဆုံးရတဲ့ အာရပ်အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူဟာ ယီမင်နိုင်ငံက ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အဓိက ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို ဆုရရှိခဲ့တဲ့အပေါ် ယီမင် တော်လှန်ရေး လူငယ်တွေအတွက် ဒီဆုကို ရတာပါလို့ သူက ဝမ်းသာအားရ ပြောခဲ့ပါတယ်။

This item is part of
XS
SM
MD
LG