သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နဲ့ ရုရှား သတင်းသမားနှစ်ဦး နိုဘဲလ်ငြိမ်းချမ်းရေးဆု ပူးတွဲချီးမြှင့်ခံရ Dmitry Muratov


Nobel Peace Prize ဆုရှင်များ ဝဲမှယာ
Nobel Peace Prize ဆုရှင်များ ဝဲမှယာ

{Zawgyi/Unicode}

ဒီနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုနိုဘဲလ်ဆုကော်မီတီက သတင်းစာဆရာတွေကို ချီးမြှင့်လိုက်ပါတယ်။ လွတ်လပ်စွာဖော်ပြခွင့်ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ကနဦးလိုအပ်တဲ့ အခြေအနေတွေဖြစ်ပြီး ဒါကို ခုခံကာကွယ်ပေးခဲ့တဲ့အတွက် သတင်းစာဆရာ ၂ ယောက်ကို ချီးမြှင့်တာဖြစ်တယ်လို့ ကော်မတီက ကြေညာပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆု ပူးတွဲချီးမြှင့်ခံရသူတွေကတော့ ဖိလစ်ပိုင်က Maria Ressa နဲ့ ရုရှားက Dmitry Andreyevich Muratov တို့ဖြစ်ပါတယ်။ Maria Ressa က Rappler သတင်းဌာနကို ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်မှာ ထူထောင်ခဲ့ပြီး Dmitry Andreyevich Muratov က Novaja Gazeta သတင်းဌာနကို ၁၉၉၃ ခုနှစ်က ရုရှားမှာ ထူထောင်ခဲ့တာပါ။

Maria Ressa ရဲ့ Rappler သတင်းဌာနဟာ သမ္မတဒူတာတေးရဲ့ အငြင်းပွါးဖွယ် ရာ မူးယစ်ဆေးဝါးနှိမ်နင်း သတ်ဖြတ်မှုတွေအပေါ် စုံစမ်း ဖော်ထုတ်ခဲ့ပြီးDmitry Muratov ရဲ့ Novaja Gazeta ကလည်း အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို ဖော်ထုတ် ဝေဖန်ရေးသားခဲ့ပါတယ်။ ဒီလို လွတ်လပ်စွာ ဖော်ပြခဲ့ကြတာကြောင့်လည်း သူတို့နှစ်ယောက်လုံးဟာ အခက်အခဲ အနှောက်အယှက်တွေ အမျိုးမျိုး ကြုံခဲ့ကြရတာပါ။

ဒီမိုကရေစီနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာတလွှား နှောင့်ယှက် ခြိမ်းခြောက် ခံနေရချိန်မှာ လွတ်လပ်စွာ ဖော်ပြခွင့်စံကို ကိုင်စွဲရပ်တည်နေကြတဲ့ သတင်းစာဆရာတွေအားလုံးကို သူတို့နှစ်ယောက်က ကိုယ်စားပြုပါတယ်လို့ နိုဘဲလ်ဆုကော်မီတီက ဆိုပါတယ်။

သီးခြား၊ လွတ်လပ်၊ အချက်အလက်အပေါ် အခြေခံတဲ့ စာနယ်ဇင်းအယူအဆဟာ အာဏာအလွဲသုံးစားပြုမှု၊ လိမ်ညာမှုနဲ့ စစ်ဝါဒဖြန့်မှုတွေကို ဆန့်ကျင်ရာမှာ အရေးပါ ပါတယ်။ လွတ်လပ်စွာ ဖော်ပြခွင့်နဲ့ သတင်းလွတ်လပ်စွာ ရယူခွင့်တွေဟာ သတင်းအချက်အလက်တွေ နားလည်သိရှိတဲ့လူထု ဖြစ်ပေါ်လာဖို့ သေချာစေတယ်လို့ နိုဘဲလ်ဆုကော်မီတီက ယုံကြည်ပါကြောင်း၊ ဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီ၊ စစ်နဲ့ ပဋိပက္ခများ တားဆီးရေးအတွက် ကနဦးလိုအပ်ချက်တွေ ဖြစ်ကြပါတယ်လို့ ကော်မီတီက ဆိုပါတယ်။

အခုလို သတင်းစာဆရာ နှစ်ယောက်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တာဟာ အဲဒီ အခြေခံအခွင့်အရေးတွေအပေါ် ခုခံကာကွယ်ရေး အရေးကြီးပုံကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်လို့ ဆုရွေးချယ်ရေး ကော်မီတီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


=======

{Zawgyi/Unicode}









XS
SM
MD
LG