သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ


 Nobel Prize for Medicine ဆုကို ဗြိတိန်နဲ့ ဂျပန်ပညာရှင်နှစ်ဦး ဆွတ်ခူးရရှိပါတယ်။
Nobel Prize for Medicine ဆုကို ဗြိတိန်နဲ့ ဂျပန်ပညာရှင်နှစ်ဦး ဆွတ်ခူးရရှိပါတယ်။
၂၀၁၂ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူးသွားပါတယ်။

ဆုရသူတွေကို ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်စ်မြို့မှာ တနင်္လာနေ့က ကြေညာခဲ့တာပါ။
Adult cell လို့ခေါ်တဲ့ ဆဲလ်တွေကနေ ဘယ်လိုတစ်ရှုးပုံသဏ္ဌာန်မျိုးကိုမဆို ဖွဲ့စည်းဖြစ်ပေါ်စေဖို့ အသုံးပြုနိုင်မယ့် stem cell တွေ ဖွဲ့စည်းဖြစ်ပေါ်စေမယ့် နျူကလီးယားအစီအစဉ်ပြန်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်ကို သုတေသနပြုခဲ့ကြတဲ့အတွက် အဲဒီသိပ္ပံပညာရှင် နှစ်ဦးကို နိုဘဲလ်ဆု ချီးမြှင့်ခဲ့တာပါ။

Yamanaka ဟာ ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က ပါမောက္ခတဦးဖြစ်ပြီး Gurdon ကတော့ ကမ်းမ်ဘရစ်ဂျ်တက္ကသိုလ်၊ Gurdon အင်စတီကျူက ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ နိုဘဲလ်ဆုရှင်တွေရဲ့စာရင်းကို သီတင်းတပတ်ကြာ ကြေညာမယ့်ထဲမှာ ဆေးပညာဆိုင်ရာ ဆုရသူတွေကို ပထမဆုံး ကြေညာခဲ့တာပါ။ ရူပဗေဒဘာသာရပ်ဆိုင်ရာဆုကို အင်္ဂါနေ့၊ ဓာတုဗေဒပညာရပ်ဆိုင်ရာဆုကို ဗုဒ္ဓဟူးနေ့၊ စာပေဘာသာရပ် ဆိုင်ရာဆုကို ကြာသပတေးနေ့နဲ့ ငြိမ်းချမ်းရေးဆုကို သောကြာနေ့မှာ အသီးသီး ကြေညာဖွယ်ရှိပါတယ်။
XS
SM
MD
LG