သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးနိုဘဲလ်ဆု Malala နဲ့ Satyarthi ပူးတွဲရရှိ

နော်ဝေအခြေစိုက် Nobel ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ Thorbjorn Jagland (ဝဲ) ပါကစ္စတန် ပညာရေး တက်ကြွလှုပ်ရှားသူ မာလာလာနဲ့အိန္ဒိယ ကလေးအလုပ်သမား ဆန့်ကျင်ရေး လှုပ်ရှားသူ Satyarthi တို့ကို ငြိမ်းချမ်းရေးဆုရှင်အဖြစ် ကြေညာစဉ်။

ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးငယ်များ ပညာသင်ခွင့်ရရှိရေး ဆောင်ရွက်သူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံမှာ ကလေး အခွင့်အရေး ဆောင်ရွက်သူ Kailash Satyathi တို့ ၂ ဦး အခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိသွားပါတယ်။

သူတို့ ၂ ဦးအနေနဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေ ဖိနှိပ်ခံနေကြတာကို ဆန့်ကျင် တိုက်ပွဲဝင် သူတွေဖြစ်သလို့ ကလေးငယ်တွေ ပညာသင်ခွင့် ရရှိရေး ကြိုးပမ်း ဆောင်ရွက် မှုတွေကြောင့် အခုလို နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ရခြင်းဖြစ်ကြောင်း နော်ေ၀ နိုဘဲလ် ဆုရွေးချယ်ရေး ကော်မီတီက ဒီကနေ့ ဆုရရှိသူတွေအမည်စာရင်းကို ကြေညာတဲ့အထဲ ထည့်သွင်း ဖော်ပြသွားပါတယ်။

အိန္ဒိယနိုင်ငံသားနဲ့ ပါကစ္စတန် နိုင်ငံသူဖြစ်တဲ့ သူတို့ ၂ ဦးရဲ့ ဆောင်ရွက်ချက်ဟာ ပညာရေးမြှင့်တင်ဖို့နဲ့ အစွန်းရောက်ဝါဒ ဆန့်ကျင်ရေးအတွက် ဟိန္ဒူဘာသာဝင်နဲ့ မူဆလင် ဘာသာဝင်တို့ ပူးတွဲလုပ်ဆောင်ချက်အဖြစ် အရေးပါလှတယ်လို့ မှတ်ယူကြောင်း နိုဘဲလ်ဆုရွေးချယ်ရေးကော်မီတီက ဖော်ပြထားပါတယ်။

ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေး တက်ကြွလှုပ်ရှားသူ မာလာလာ
ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေး တက်ကြွလှုပ်ရှားသူ မာလာလာ

အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မာလာလာဟာ အမျိုးသမီးငယ်များ ပညာသင်ခွင့် ရရှိရေးအတွက် နှစ်အတော်ကြား ဆောင်ရွက်နေခဲ့ရာက ၂၀၁၂ ခုနှစ်မှာ ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။ ခေါင်းမှာ ရခဲ့တဲ့ ဒဏ်ရာကို ဗြိတိန်နိုင်ငံမှာ အထူးကုသမှုခံယူပြီးတဲ့နောက် အမျိုးသမီးအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။

အိန္ဒိယက ကလေးအလုပ်သမားဆန့်ကျင်ရေးလှုပ်ရှားသူ Satyarthi
အိန္ဒိယက ကလေးအလုပ်သမားဆန့်ကျင်ရေးလှုပ်ရှားသူ Satyarthi

မာလာလာနဲ့အတူ ပူးတွဲ ဆုရရှိတဲ့ Kailash Satyarthi ကတော့ ငွေးကြေး အမြတ်အစွန်း အတွက် ကလေးငယ်တွေကို အသုံးချနေမှုကို ကန့်ကွက်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အများအပြားကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ကလေးအခွင့်အရေး ပြဌာန်းချက် ပေါ်ထွက်လာရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG