သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆု အမေရိကန်၊ ပြင်သစ်၊ ကနေဒါ ပညာရှင် ၃ ဦး ပူးတွဲရရှိ


ဒီနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကိုတော့ အမေရိကန်ပြည်ထောင်စုက Arthur Ashkin ပြင်သစ်နိုင်ငံက Gerard Mourou နဲ့ ကနေဒါနိုင်ငံက Donna Strickland တို့ကို လေဆာရောင်ခြည် ရူပဗေဒပညာရပ်မှာ ဆန်းသစ်တီထွင်မှုတွေအတွက် ပူးတွဲချီးမြှင့်လိုက်ပါတယ်။

ဆုကြေး ဒေါ်လာတသန်းထဲက တဝက်ကိုတော့ အမေရိကန်ပညာရှင် Ashkin ကို ချီးမြှင့်ပြီး၊ ကျန်တဝက်ကိုတော့ ပြင်သစ်နဲ့ ကနေဒါပညာရှင် ၂ ဦးကို ပေးအပ်လိုက်ကြောင်းလည်း ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံပညာ အကယ်ဒမီကျောင်းရဲ့ ဆုရွေးချယ်ရေးအဖွဲ့က ကြေညာခဲ့တာပါ။ ရေဒီယိုသတ္တိကြွ အလင်းဓာတ်ရဲ့ ဖိအားနဲ့ အရာဝတ္ထုတွေကို ရွှေ့ပြောင်းနိုင်တဲ့ အလင်းဓာတ်သုံး ကရိယာတွေကို ဖန်တီးမှုအတွက် အမေရိကန်ပညာရှင် Ashkin ကို ရွေးချယ်ခဲ့တာဖြစ်ပြီး၊ ပြင်သစ်နဲ့ ကနေဒါပညာရှင် ၂ ဦးကိုတော့ မျက်စေ့ခွဲစိတ်ကုသမှုမျိုးလို နေ့တဓူ၀ ကိစ္စတွေမှာ အသုံးပြုနိုင်တဲ့ အားပြင်းစူးရှတဲ့ အလင်းဓာတ် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းသစ် ဖန်တီးမှုအတွက်၊ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဓာတုဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကိုတော့ မနက်ဖြန်ကြေညာမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကိုတော့ သောကြာနေ့မှာ ကြေညာသွားမှာပါ။ စာပေဆိုင်ရာ နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှုအတွက် ပြဿနာပေါ်နေတဲ့အတွက် ဒီနှစ်မှာ ဆုပေးနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ရှေ့သီတင်းပတ် တနင်္လာနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG