သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဘက်ဆိုင်ရာ နိုဘဲလ်ဆုချီးမြှင့်

The prize. (AP Photo)
The prize. (AP Photo)

လူ့ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို ပိုပြီးနားလည်နိုင်လာအောင် လုပ်ဆောင်ခဲ့ကြတဲ့အတွက် သိပ္ပံပညာရှင် သုံးယောက်ကို ၂၀၁၁ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ဘရုစ် ဘူးတ်လာ (Bruce Beutler)၊ လူဇင်းဘတ်နိုင်ငံက ဂျူးလ်စ် ဟော့ဖ်မန်း (Jules Hoffman) နဲ့ ကနေဒါနိုင်ငံက ရာ့လ်ဖ် စတိုင်းန်မန်းန် (Ralph Steinman) တို့ကို နိုဘဲလ်ဆု ချီးမြှင့်လိုက်တဲ့အကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်မြို့မှာ ဒီကနေ့ တနင်္လာနေ့က ကြေညာလိုက်တာပါ။ ဆုငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်းရဲ့ ထက်ဝက်ကို ဘူးတ်လာနဲ့ ဟော့ဖ်မန်းတို့က တဝက်စီခွဲဝေယူရမှာဖြစ်ပြီး စတိုင်းန်မန်းက ကျန်တဲ့ထက်ဝက်ကို ရမှာဖြစ်ပါတယ်။

ကင်ဆာနဲ့ တခြားရောဂါတွေကို ကုသနိုင်မယ့် အလားအလာသစ်တွေကို ရှာတွေ့နိုင်အောင် လုပ်ဆောင်ခဲ့ကြတဲ့ အတွက် သူတို့ကို ဂုဏ်ပြုတာဖြစ်ပါတယ်။

ရူပဗေဒဘာသာရပ်နဲ့ ဓာတုဗေဒဘာသာရပ်ဆိုင်ရာ နိုဘဲလ်ဆုရှင်တွေကိုတော့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ သိပ္ပံပညာဆိုင်ရာ ဆွီဒင် တော်ဝင်အကယ်ဒမီက ကြေညာမှာဖြစ်ပါတယ်။ နိုဘဲလ်ဆုကို စပြီးတည်ထွက်ခဲ့တဲ့ အဲလ်ဖရက်ဒ် နိုဘဲလ် (Alfred Nobel) အထိမ်းအမှတ် စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကြေညာပါမယ်။

၂၀၁၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်ကိုတော့ သောကြာနေ့ကျရင် ကြေညာပါလိမ့်မယ်။

This item is part of
XS
SM
MD
LG