သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး နိုဘဲလ်ဆု အမေရိကန် ပညာရှင် ၂ ယောက်ရရှိ

၂၀၁၁ ခုနှစ် စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုရှင်နှစ်ဦး။ Thomas Sargent (ဝဲ)၊ Christopher Sims (ယာ)
၂၀၁၁ ခုနှစ် စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုရှင်နှစ်ဦး။ Thomas Sargent (ဝဲ)၊ Christopher Sims (ယာ)

အမေရိကန်စီးပွားရေးပညာရှင်နှစ်ယောက်ဖြစ်တဲ့ သောမတ်စ် ဆာဂျန့်တ် (Thomas Sargent) နဲ့ ခရစ္စတိုဖာ ဆင်းမ်စ် (Christopher Sims) တို့ကို ၂၀၁၁ ခုနှစ်အတွက် စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။ အစိုးရရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေနဲ့ စီးပွားရေးအကြား အဆက်အစပ်ကို သုတေသနပြုခဲ့ကြတဲ့အတွက် အခုလို နိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ကြရတာပါ။

မက်ခရိုစီးပွားရေးပေါ်မှာ အကြောင်းသက်ရောက်မှုနဲ့ အကျိုးတရားတွေကို သူတို့ရဲ့ မူရင်း လေ့လာဆန်းစစ်မှုပေါ် အခြေခံတဲ့ သုတေသနပြုမှုအတွက် အဲဒီ အမေရိကန်ပါမောက္ခနှစ်ဦးကို ဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ တော်ဝင် ဆွီဒင် သိပ္ပံအကယ်ဒမီက ဒီကနေ့ တနင်္လာနေ့မှာ ကြေညာတာပါ။ အတိုးနှုန်းကို ယာယီတိုးမြှင့်လိုက်တာ ဒါမှမဟုတ် အခွန်လျှော့ပေါ့တာကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေဖောင်းပွမှုနှုန်းတွေပေါ် ဘယ်လို သက်ရောက်တယ်ဆိုတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ရေး နည်းလမ်းတွေကို ဆုရှင်တွေက ဖော်ထုတ်ခဲ့ကြတယ်လို့ ဆုချီးမြှင့်ရေးကော်မတီက ပြောပါတယ်။

သူနဲ့ ဆာဂျန့်တ်တို့ ၁၉၇၀ နဲ့ ၈၀ ပြည့်နှစ်တွေမှာ ဒီသုတေသနကို လုပ်ခဲ့ကြတာဖြစ်ပေမဲ့ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းကနေ ရုန်းထွက်နိုင်ရေးမှာ အဓိကကျတယ်လို့ သူခံစားရတဲ့အကြောင်း ဆုရှင်တစ်ဦးဖြစ်တဲ့ ဆင်းမ်စ်က ပြောပါတယ်။

အကြွေးတွေတင်နေတာ၊ အလုပ်လက်မဲ့ များနေတာနဲ့ တိုးတက်မှုနှုန်း နှေးကွေးနေတာတွေ အပါအဝင် ပြင်းထန်တဲ့ စီးပွားရေးပြဿနာတွေကို ဘယ်လို မူဝါဒတွေနဲ့ ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ဥရောပနဲ့ အမေရိကန်တို့က အစိုးရတွေနဲ့ ဗဟိုဘဏ်တွေ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG