သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ဓာတုဗေဒ နိုဘဲလ်ဆု ကန် ၂ ဦး၊ ဂျာမာန် ၁ ဦး ရရှိ


၂၀၁၄ ခုနှစ် ဓာတုဗေဒနိုဘဲလ်ဆုရှင်များ။
၂၀၁၄ ခုနှစ် ဓာတုဗေဒနိုဘဲလ်ဆုရှင်များ။

အမေရိကန်သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Eric Betzig နဲ့ William Moerner, ဂျာမန်သိပ္ပံပညာရှင် Stefan Hell တို့ဟာ ၂၀၁၄ ခုနှစ်အတွက် ဓာတုဗေဒ ပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကို ဆွတ်ခူးသွားကြပါတယ်။ အထူးကြည်လင် ပြတ်သားမှုရှိတဲ့ fluorescence ရောင်ပြန် အဏုကြည့် မှန်ပြောင်းစနစ်ကို တီထွင်နိုင်တဲ့အတွက် သူတို့ကို ဆုချီးမြှင့်တာဖြစ်တဲ့အကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့မှာ ကြေညာတာပါ။

ဒီသိပ္ပံပညာရှင်သုံးယောက်ရဲ့ သုတေသနပြု လေ့လာတွေ့ရှိချက်ကြောင့် မော်လီကျူးတွေရဲ့ လုပ်ငန်းစဉ်ကို အချိန်နဲ့တပြေးညီ လေ့လာနိုင်ခြေ ရှိသွားတယ်လို့ ဆုချီးမြှင့်တဲ့ ဆွီဒင် တော်ဝင် သိပ္ပံအကယ်ဒမီကပြောပါတယ်။ Betzig ဟာ အမေရိကန်ပြည်ထောင်စုက Howard Hughes ဆေးဘက် ဆိုင်ရာ အင်စတီကျူမှာ လုပ်ကိုင်နေပြီး Moerner က တော့ စတန်းဖို့ဒ် တက္ကသိုလ်က ပါမောက္ခတဦးပါ။ Stefan Hell ကတော့ ဂျာမနီနိုင်ငံ၊ Max Planck Biophysical Chemistry အင်စတီကျူရဲ့ ဒါရိုက်တာဖြစ်ပါတယ်။

အခု ဓာတုဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုဟာ ဒီနှစ်အတွက် ကြေညာတဲ့ တတိယဆုဖြစ်ပြီး ဆုငွေက အမေရိကန်ဒေါ်လာ ၁.၁ သန်းဖြစ်ပါတယ်။

ဒိုင်းနမိုက်ကို တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး Alfred Nobel ရဲ့ဆန္ဒအတိုင်း သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆု တွေကို ၁၉၀၁ ခုနှစ်ကစပြီး ချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG