သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲမှုတိုက်ဖျက်ရေးကူညီတဲ့ စီးပွားရေးပညာရှင်သုံးဦး Nobel ဆု ရရှိ


La Academia de Ciencias de Suecia anuncia a los ganadores del premio Nobel de Economía el 14 de octubre de 2019
La Academia de Ciencias de Suecia anuncia a los ganadores del premio Nobel de Economía el 14 de octubre de 2019

ကမ္ဘာ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ ကူညီခဲ့တဲ့ စီးပွားရေးပညာရှင် ၃ ယောက်ကို ၂၀၁၉ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ Nobel ဆုပေးဖို့ ရွေးချယ်လိုက်ပါတယ်။

India နွယ်ဖွား အမေရိကန် Abhijit Banerjee၊ ပြင်သစ်နွယ်ဖွား အမေရိကန် Esther Duflo နဲ့ အမေရိကန်လူမျိုး Michael Kremer တို့ကို စီးပွားရေးဆိုင်ရာ Nobel ဆုပေးလိုက်တယ်လို့ သိပ္ပံဆိုင်ရာ Royal Swedish Academy ကဒီကနေ့ ကြေညာခဲ့ပါတယ်။ စီးပွားရေး Nobel ဆုကို ရသူတွေထဲမှာ Esther Duflo ဟာ ဒုတိယမြောက်အမျိုးသမီးဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တွေဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အထိရောက်ဆုံး နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ကိုင်တွယ်ခဲ့တယ်လို့ ဆုရွေးချယ်သူတွေက ပြောပါတယ်။ ကလေးငယ်တွေရဲ့ ကျန်းမာရေး ဒါမှမဟုတ် ပညာရေးကို တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ လွယ်ကူတဲ့မေးခွန်းမျိုးနဲ့စပြီး ဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းဖို့ သူတို့က ကြိုးစားခဲ့ကြတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ဆောင်ရွက်ချက်ကြောင့် India ကလေးငယ် ၅ သန်းကျော်ကို ကျောင်းတွေမှာ စာနောက်မကျအောင် လက်တွဲခေါ်တဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့သလို၊ နိုင်ငံတော်တော်များများမှာ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုအတွက် ငွေကြေး အမြောက်အများသုံးပြီး ပံ့ပိုးကူညီမှုတွေ လုပ်လာစေတယ်လို့ ဆုကြေညာစဉ်မှာ ပြောကြားသွားပါတယ်။

Nobel ဆုရတဲ့ စီးပွားရေးပညာရှင် ၃ ယောက်အနေနဲ့ ဒေါ်လာ ၉ သိန်းကျော်နဲ့ ညီမျှတဲ့ ဆုကြေးကို ခွဲဝေ ရရှိကြမှာဖြစ်ပါတယ်။

Unicode





XS
SM
MD
LG