သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စာေပႏိုဘယ္ဆုေရြးခ်ယ္ခံတို႔ရဲ႕ တု႔ံျပန္ခ်က္


၂၀၁၉ စာေပဆုိင္ရာ Nobel ဆုရွင္ Peter Handke နဲ႔ ၂၀၁၈ စာေပဆုိင္ရာ Nobel ဆုရွင္ Olga Tokarczuk

၂၀၁၉ အတြက္ စာေပဆုိင္ရာ Nobel ဆုကို ၾသစၾတီးယား ႏုိင္ငံသား စာေရးဆရာ Peter Handke နဲ႔ ၂၀၁၈ ခုနွစ္အတြက္ စာေပဆုိင္ရာ Nobel ဆုကို ပိုလန္ႏုိင္ငံသူ စာေရးဆရာမ Olga Tokarczuk တို႔ ရသြားၾကပါတယ္။ ဒီလို ဆုခ်ီးျမႇင့္ခံရတဲ့အေပၚ သူတို႔ရဲ႕ တုံ႔ျပန္ေျပာဆိုမႈေတြကို ဦးေက်ာ္ဇံသာက ေျပာျပေပးပါမယ္။

၂၀၁၉ အတြက္ စာေပဆုိင္ရာ Nobelဆု ခ်ီးျမွင့္ခံရတဲ့ စာေရးဆရာ Peter Handke က သူ႔ကို ဒီဆုခ်ီးျမွင့္ဖို႔ ခ်မွတ္လိုက္တာဟာ ရဲရင့္တဲ့ ဆံုးျဖတ္ခ်က္တရပ္ျဖစ္တယ္လို႔ ဆုေပးတဲ့အဖဲြ႔ကို ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။ သူက ဆားဘီးယားႏိုင္ငံဟာ ေဘာလ္ကန္ စစ္ပြဲအတြင္းမွာ သားေကာင္ျဖစ္ခဲ့ရတယ္လို႔ ပံုေဖာ္ေရးသားခဲ့သူ ၊ ေဘာ္စနီးယား မြတ္ဆလင္ေတြအေပၚ Genocide လို႔ေခၚတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္လို႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရသူ ဆားဘီးယားေခါင္းေဆာင္ Slobodan Milosevic ရဲ႕ အသုဘအခမ္းအနားကို တက္ရာက္ခဲ့တဲ့အတြက္ ေ၀ဖန္ရႈတ္ခ်ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။

ဆြီဒင္ပညာရွင္အသင္းကေတာ့ အသက္ ၇၆ ႏွစ္ရွိၿပီရွိတဲ့ Peter Handke ဟာ ကၽြမ္းက်င္တဲ့ အေရးအဖြဲ႔နဲ႔ လူသားတို႔ရဲ႕အေတြ႔အၾကံဳကို ႏွံ႔ႏွံ႔စပ္စပ္နဲ႔ ဖြဲ႔က်ဴးထားတ့ဲ ေဆာင္းပါးေတြ၊ ျပဇတ္ေတြ၊ ၀တၱဳေတြ ေရးသားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ၾသစႀတီးယား ႏုိင္ငံ Griffen ဇာတိ Handke ဟာ ဒုတိယကမာၻစစ္အၿပီး ဥေရာပမွာ စာေပၾသဇာအၾကီးဆံုးထဲက တဦးအပါအ၀င္ျဖစ္တယ္လို႔ ဆိုရမွာပါ။

သူ ဒီဆုခ်ီးျမွင့္ျခင္းခံရတာ သိတဲ့အတြက္ အံၾသသင့္မိတယ္လို႔ ပါရီၿမိဳ႕ဆင္ေျခဖံုးက သူ႔အိမ္ကို သတင္းေထာက္ေတြ သြားေရာက္ေမးျမန္းတဲ့အခါမွာ အခုလိုစေျဖခဲ့ပါတယ္။

“ က်ေနာ္ဟာ အႏိုင္ရသူ Winner တေယာက္မဟုတ္ပါဘူး။ သူတို႔က က်ေနာ့္စာအုပ္ကို ေရြးခ်ယ္ၾကပါတယ္။ ဒါေပမယ့္ က်ေနာ္ဟာ ပင္ကိုယ္သဘာ၀အရ ေအာင္ႏိုင္သူမဟုတ္ပါဘူး။ ဒါမွမဟုတ္ သူတို႔က က်ေနာ့္ကို Nobel ဆိုရရွိသြားတယ္လို႔ ဆိုပါတယ္။ ဒီအသံုးအႏႈန္းကို က်ေနာ္မႀကိဳက္ပါဘူး။”

ဒါျဖင့္ ခင္ဗ်ားအတြက္ ဒါဟာ ဘာအဓိပၸါယ္ရွိေစသလဲလို႔ သတင္းေထာက္ေတြက သူ႔ကိုေမးတဲ့အခါမွာ သူက အခုလိုျပန္ေျပာပါတယ္။

“ လြတ္လပ္မႈအသစ္တမ်ိဳးကို ခံစားရပါတယ္။ ဘယ္လိုမ်ိဳးလဲမသိပါဘူး။ က်ေနာ္ဟာ အျပစ္မဲ့သူတေယာက္အျဖစ္ ခံစားရသလို လြတ္လပ္မႈတမ်ိဳးပါ ။ ဒါဟာ မွန္တယ္လို႔ မထင္ပါဘူး။”

ခင္ဗ်ားရဲ႕ ခံစားခ်က္ကိုလည္း ေျပာပါဦးဆိုၿပီးေမးတဲ့အခါ သူက အခုလို ေျပာပါတယ္။

“ က်ေနာ္ေပ်ာ္မလားဆိုတာ က်ေနာ္ေသခ်ာမသိပါဘူး။ စိတ္လႈပ္ရွားပါတယ္။ ဒါေပမယ့္ ဒီခံစားမႈကို ကင္မရာေတြ ၊ ဓါတ္ပံုေတြနဲ႔ မျပႏိုင္ပါဘူး။ သရုပ္ေဆာင္ေတြပဲ လုပ္ျပတတ္တာပါ။”

ၿပီးခဲ့တဲ့ ႏွစ္က မခ်ီးျမွင့္ျဖစ္ခဲ့တဲ့ ၂၀၁၈ ခုနွစ္အတြက္ စာေပဆုိင္ရာ Nobel ဆုရသြားသူကေတာ့ ပိုလန္ႏုိင္ငံသူအသက္ ၅၇ ႏွစ္အရြယ္ စာေရးဆရာမ Olga Tokarczuk ျဖစ္ပါတယ္။ သူတို႔ပိုလန္ႏိုင္ငံမွာ ဒီမိုကေရစီ ျပႆနာျဖစ္ေနေပမယ့္ ပိုလန္ႏိုင္ငံသားေတြမွာေတာ့ ကမာၻႀကီးကို ေျပာစရာတခ်ိဳ႕ရွိေနတယ္လို႔ဆိုပါတယ္။ ဥေရာပအလယ္ပိုင္းႏိုင္ငံက လူတေယာက္ကို ဒီဆုခ်ီးျမွင့္တာကလည္း အင္မတန္ထူးဆန္းၿပီး မယံုၾကည္ႏိုင္စရာပဲလို႔ ေျပာပါတယ္။ သူက Germany နဲ႔ ပိုလန္ႏိုင္ငံအၾကား ခရီးသြားေနတုန္း လမ္းခုလတ္မွာ သတင္းေထာက္ေတြက ဆုရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး သူ႔သေဘာထားကို ေမးျမန္းတဲ့အခါမွာ သူက အခုလို ေျပာၾကားခဲ့ပါတယ္။

“ က်မစာေရးဆရာေကာင္းတေယာက္ဆိုတာ က်မသိပါတယ္။ ဒါေပမယ့္ က်မ ဒီလိုဆုမ်ိဳးကို ရရွိလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့ပါဘူး။ အခုေတာ့ က်မထင္တာကို ေဖ်ာက္ပစ္ရေတာ့မွာပါ။”

ဆက္လက္ၿပီးေတာ့ သူက

“က်မတို႔ ႏိုင္ငံမွာ ဒီမိုကေရစီအတြက္ ျပႆနာေတြ ရွိေနေပမယ့္ က်မတို႔ ကမာၻကို ေျပာျပစရာေတြ ရွိေနဆဲျဖစ္ပါတယ္။ က်မတို႔မွာ အင္မတန္ အေျခခံတဲ့စာေပေတြ ရွိပါတယ္၊ ခိုင္မာတဲ့ ယဥ္ေက်းမႈ ရွိပါတယ္။ က်မဟာ ဥေရာပ အလယ္ပုိင္း ပိုလန္ႏိုင္ငံရဲ႕ ဒီလိုႀကီးမားတဲ့ စြမ္းအားထဲက အစိတ္အပိုင္းတခုပါ။”

ဆက္လက္ၿပီးေတာ့ သူ႔စာေပေရးသားျခင္းကို ေသြးလွဴျခင္းနဲ႕ ႏိႈင္းယွဥ္ၿပီးေတာ့ အခုလိုေျပာၾကားခဲ့ပါတယ္။

“စာေရးျခင္းဟာ က်မကို အသက္ရွင္ေနေစပါတယ္။ ဒါဟာ က်မ ခႏၱာကိုယ္ရဲ႕ အစိတ္အပိုင္းတခုပါ ။ လူေတြ သူမ်ားကို ေသြးလွဴသလိုပါပဲ က်မအတြက္လည္း ဒီလိုပါပဲ က်မရဲ႕ စကားေတြ၊ အေတြးေတြ မရွိပဲ မေနႏိုင္ပါဘူး။ ေကာင္းမေကာင္း စာဖတ္သူေတြ ဆံုးျဖတ္ပါလိမ့္မယ္။”

Nobel ဆုခ်ီးျမွင့္တဲ့အခမ္းအနားကိုSweden ႏိုင္ငံStockholm ၿမိဳ႕မွာ လာမည့္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။

....................

စာပေနိုဘယ်ဆုရွေးချယ်ခံတို့ရဲ့ တုံ့ပြန်ချက်

၂၀၁၉ အတွက် စာပေဆိုင်ရာ Nobel ဆုကို သြစတြီးယား နိုင်ငံသား စာရေးဆရာ Peter Handke နဲ့ ၂၀၁၈ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဗဲလ်ဆုကို ပိုလန်နိုင်ငံသူ စာရေးဆရာမ Olga Tokarczuk တို့ ရသွားကြပါတယ်။ ဒီလို ဆုချီးမြှင့်ခံရတဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို ဦးကျော်ဇံသာက ပြောပြပေးပါမယ်။

၂၀၁၉ အတွက် စာပေဆိုင်ရာ Nobelဆုချီးမြှင့်ခံရတဲ့ စာရေးဆရာ Peter Handke က သူ့ကို ဒီဆုချီးမြှင့်ဖို့ ချမှတ်လိုက်တာဟာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တရပ်ဖြစ်တယ်လို့ ဆုပေးတဲ့အဖွဲ့ကို ချီးကျူးပြောကြားလိုက်ပါတယ်။ သူက ဆားဘီးယားနိုင်ငံဟာ ဘော်ကန် စစ်ပွဲအတွင်းမှာ သားကောင်ဖြစ်ခဲ့ရတယ်လို့ ပုံဖော်ရေးသားခဲ့သူ ၊ ဘော်စနီးယား မွတ်ဆလင်တွေအပေါ် Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ဆားဘီးယားခေါင်းဆောင် Slobodan Milosevic ရဲ့ အသုဘအခမ်းအနားကို တတ်ရောက်ခဲ့တဲ့အတွက် ဝေဖန်ရှုံ့ချခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

ဆွီဒင်ပညာရှင်အသင်းကတော့ အသက် ၇၆ နှစ်ရှိပြီရှိတဲ့ Peter Handke ဟာ ကျွမ်းကျင်တဲ့ အရေးအဖွဲ့နဲ့ လူသားတို့ရဲ့အတွေ့အကြုံကို နှံ့နှံ့စပ်စပ်နဲ့ ဖွဲ့ကျူးထားတဲ့ ဆောင်းပါးတွေ၊ ပြဇတ်တွေ၊ ဝတ္တုတွေ ရေးသားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သြစတြီးယား နိုင်ငံ Griffen ဇာတိ Handke ဟာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ စာပေသြဇာအကြီးဆုံးထဲက တဦးအပါအဝင်ဖြစ်တယ်လို့ ဆိုရမှာပါ။

သူ ဒီဆုချီးမြှင့်ခြင်းခံရတာ သိတဲ့အတွက် အံသြသင့်မိတယ်လို့ ပါရီမြို့ဆင်ခြေဖုံးက သူ့အိမ်ကို သတင်းထောက်တွေ သွားရောက်မေးမြန်းတဲ့အခါမှာ အခုလိုစဖြေခဲ့ပါတယ်။

“ ကျနော်ဟာ အနိုင်ရသူ Winner တယောက်မဟုတ်ပါဘူး။ သူတို့က ကျနော့်စာအုပ်ကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် ကျနော်ဟာ ပင်ကိုယ်သဘာဝအရ အောင်နိုင်သူမဟုတ်ပါဘူး။ ဒါမှမဟုတ် သူတို့က ကျနော့်ကို Nobel ဆိုရရှိသွားတယ်လို့ ဆိုပါတယ်။ ဒီအသုံးအနှုန်းကို ကျနော်မကြိုက်ပါဘူး။”

ဒါဖြင့် ခင်ဗျားအတွက် ဒါဟာ ဘာအဓိပ္ပါယ်ရှိစေသလဲလို့ သတင်းထောက်တွေက သူ့ကိုမေးတဲ့အခါမှာ သူက အခုလိုပြန်ပြောပါတယ်။

“ လွတ်လပ်မှုအသစ်တမျိုးကို ခံစားရပါတယ် ဘယ်လိုမျိုးလဲမသိပါဘူး။ ကျနော်ဟာ အပြစ်မဲ့သူတယောက်အဖြစ် ခံစားရသလို လွတ်လပ်မှုတမျိုးပါ ။ ဒါဟာ မှန်တယ်လို့ မထင်ပါဘူး။”

ခင်ဗျားရဲ့ ခံစားချက်ကိုလည်း ပြောပါဦးဆိုပြီးမေးတဲ့အခါ သူက အခုလို ပြောပါတယ်။

“ ကျနော်ပျော်မလားဆိုတာ ကျနော်သေချာမသိပါဘူး။ စိတ်လှုပ်ရှားပါတယ် ဒါပေမယ့် ဒီခံစားမှုကို ကင်မရာတွေ ၊ ဓါတ်ပုံတွေနဲ့ မပြနိုင်ပါဘူး။ သရုပ်ဆောင်တွေပဲ လုပ်ပြတတ်တာပါ။”

ပြီးခဲ့တဲ့ နှစ်က မချီးမြှင့်ဖြစ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် စာပေဆိုင်ရာ Nobel ဆုကိုတော့ ပိုလန်နိုင်ငံသူအသက် ၅၇ နှစ်အရွယ် စာရေးဆရာမ Olga Tokarczuk ဖြစ်ပါတယ်။ သူတို့ပိုလန်နိုင်ငံမှာ ဒီမိုကရေစီ ပြဿနာဖြစ်နေပေမယ့် ပိုလန်နိုင်ငံသားတွေမှာတော့ ကမ္ဘာကြီးကို ပြောစရာတချို့ရှိနေတယ်လို့ဆိုပါတယ်။ ဥရောပအလယ်ပိုင်းနိုင်ငံက လူတယောက်ကို ဒီဆုချီးမြှင့်တာကလည်း အင်မတန်ထူးဆန်းပြီး မယုံကြည်နိုင်စရာပဲလို့ ပြောပါတယ်။ သူက Germany နဲ့ ပိုလန်နိုင်ငံအကြား ခရီးသွားနေတုန်း လမ်းခုလတ်မှာ သတင်းထောက်တွေက ဆုရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားကို မေးမြန်းတဲ့အခါမှာ သူက အခုလို ပြောကြားခဲ့ပါတယ်။

“ ကျမစာရေးဆရာကောင်းတယောက်ဆိုတာ ကျမသိပါတယ်။ ဒါပေမယ့် ကျမ ဒီလိုဆုမျိုးကို ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ အခုတော့ ကျမထင်တာကို ပျောက်ပစ်ရတော့မှာပါ။”

ဆက်လက်ပြီးတော့ သူက

“ကျမတို့ နိုင်ငံမှာ ဒီမိုကရေစီအတွက် ပြဿနာတွေ ရှိနေပေမယ့် ကျမတို့ ကမ္ဘာကို ပြောပြစရာတွေ ရှိနေစဲဖြစ်ပါတယ်။ ကျမတို့မှာ အင်မတန် အခြေခံတဲ့စာပေတွေ ရှိပါတယ်၊ ခိုင်မာတဲ့ ယဉ်ကျေးမှု ရှိပါတယ်။ ကျမဟာ ဥရောပ အလယ်ပိုင်း ပိုလန်နိုင်ငံရဲ့ ဒီလိုကြီးမားတဲ့ စွမ်းအားထဲက အစိတ်အပိုင်းတခုပါ။”

ဆက်လက်ပြီးတော့ သူ့စာပေရေးသားခြင်းကို သွေးလှူခြင်းနဲ့ နှိုင်းယှဉ်ပြီးတော့ အခုလိုပြောကြားခဲ့ပါတယ်။

“စာရေးခြင်းဟာ ကျမကို အသက်ရှင်နေစေပါတယ်။ ဒါဟာ ကျမ ခန္တာကိုယ်ရဲ့ အစိတ်အပိုင်းတခုပါ ။ လူတွေ သူများကို သွေးလှူသလိုပါပဲ ကျမအတွက်လည်း ဒီလိုပါပဲ ကျမရဲ့ စကားတွေ ၊ အတွေးတွေ မရှိပဲ မနေနိုင်ပါဘူး။ ကောင်းမကောင်း စာဖတ်သူတွေ ဆုံးဖြတ်ပါလိမ့်မယ်။”

Nobel ဆုချီးမြှင့်တဲ့အခမ်းအနားကိုSweden နိုင်ငံStockholm မြို့မှာ လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

စာေပႏိုဘယ္ဆုေရြးခ်ယ္ခံတို႔ရဲ႕ တု႔ံျပန္ခ်က္
please wait

No media source currently available

0:00 0:04:33 0:00
တိုက္႐ိုက္ လင့္ခ္


စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG