သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်လက်မဲ့ အဖြေရှာသူ ပညာရှင်များ စီးပွားရေး နိုဘယ်လ်ဆုရ


အလုပ်လက်မဲ့ အဖြေရှာသူ ပညာရှင်များ စီးပွားရေး နိုဘယ်လ်ဆုရ

အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ ဘာကြောင့် အလုပ်လက်မဲ့နှုန်း မြင့်မားနိုင်သလဲ ဆိုတာကို သဘောပေါက်နိုင်အောင် သီအိုရီတွေကို ဖော်ထုတ်ပေးခဲ့ကြသူ အမေရိကန် ၂ ယောက်နဲ့ ဆိုက်ပရပ်စ်နွယ်ဖွား ဗြိတိန်နိုင်ငံသား ၁ ယောက်တို့ကို ၂၀၁၀ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆု ပေးအပ်လိုက်ပါတယ်။

အလုပ်အကိုင် ဈေးကွက်နဲ့ အလုပ်အကိုင် ရှာဖွေရေး ကွာဟမှုတွေအပေါ် သူတို့ရဲ့ သုံးသပ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်က ပီတာ ဒိုင်းမွန်းဒ် (Peter Diamond) နဲ့ ဒေးလ် မော်တန်ဆန် (Dale Mortensen)၊ ဗြိတိန်နိုင်ငံသား ခရစ်စ်တိုဖာ ပစ်စာရစ်ဒက်စ် (Christopher Pissarides) ကို သိပ္ပံဆိုင်ရာ တော်ဝင် ဆွီဒင် ပညာရှင်အဖွဲ့က နိုဘယ်လ်ဆုပေးဖို့ ရွေးချယ်ခဲ့တာပါ။

ဆုရှင်တွေရဲ့ လေ့လာမှုကြောင့် အလုပ်အကိုင်အပြင် တခြား ဈေးကွက်တွေနဲ့ ပတ်သက်လို့ ပိုပြီး လက်တွေ့ကျကျ အသေးစိတ် မြင်ကြည့်နိုင်တဲ့အတွက် လိုအပ်မှုကို ဖြည့်ဆည်းနိုင်ဖို့ ဘယ်လို အခက်အခဲတွေ ရှိသလဲဆိုတာကို ပိုမို နားလည်စေတယ်လို့ ဆုရွေးချယ်ရေး အဖွဲ့ဝင် တယောက်က ပြောပါတယ်။

သူတို့ရဲ့ အတွေးအခေါ်တွေကို အများပြည်သူဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ဒေသဆိုင်ရာနဲ့ မိသားစု စီးပွားရေးဆိုင်ရာ တို့အပြင် ငွေကြေး ရန်ပုံငွေဆိုင်ရာ သဘောတရားတွေအတွက် လေ့လာခဲ့ကြရပါတယ်။

စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆု ရသွားကြတဲ့ထဲက မစ္စတာ မော်တန်ဆန်ဟာ အီလီနွိုက်စ်ပြည်နယ်၊ Northwestern တက္ကသိုလ်က စီးပွားရေး ပါမောက္ခ ဖြစ်ပါတယ်။ မစ္စတာ ဒိုင်းမွန်းဒ်ကတော့ MIT နည်းပညာ တက္ကသိုလ်မှာ စီးပွားရေး ပညာရှင်အဖြစ် ဆရာလုပ်နေသလို အမေရိကန် အစိုးရရဲ့ လူမှုဖူလုံရေး၊ ပင်စင်နဲ့ အခွန်ဌာနမှာ အကြံပေးတာဝန်ကို ထမ်းဆောင်နေပါတယ်။ မစ္စတာ ပစ်စရစ်ဒက်စ်ကတော့ လန်ဒန်မြို့ စီးပွားရေးတက္ကသိုလ် LSE မှာ စာသင်ပေးနေသူ ဖြစ်ပါတယ်။

XS
SM
MD
LG