သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ် ငြိမ်းချမ်းရေးဆု အဆိုပြုခံရသူ စံချိန်တင်အောင်များ


နိုဘယ်လ် ငြိမ်းချမ်းရေးဆု အဆိုပြုခံရသူ စံချိန်တင်အောင်များ

လာမယ့် ဒီဇင်ဘာလမှာ ချီးမြှင့်မယ့် ၂၀၁၁ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် လူပုဂ္ဂိုလ် တဦးချင်းတွေနဲ့ အဖွဲ့အစည်းပေါင်း ၅၃ ဖွဲ့တို့က အဆိုပြုလွှာပေါင်း ၂၄၁ စောင်ကို တင်သွင်းတာ ရရှိခဲ့တယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီ နော်ဝေနိုင်ငံက ဒီနေ့ ပြောလိုက်ပါတယ်။

ဒါဟာ အမြင့်ဆုံးစံချိန် ဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ်မှာ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု မပေးအပ်မီက အဆိုပြုလွှာပေါင်း ၂၃၇ စောင် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆု အဆိုပြုလွှာကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပြုလွှာတွေကို လျှို့ဝှက်ထားတယ် ဆိုပေမဲ့ နော်ဝေ ဥပဒေပြု အမတ်တဦးကတော့ သူဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အတွင်းရေးတွေကို ဖွင့်ချနေတဲ့ ၀ီကီလိခ်စ် (WikiLeaks) ၀က်ဘ်ဆိုက်ဒ်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ အဆိုပြုလွှာ တင်သွင်းခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG