သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျူရှောင်ဘို ဇနီး တရုတ်အတိုက်အခံ နိုင်ငံရေးသမားတွေကို နိုဘယ်လ်ဆုပေးပွဲ ဖိတ်ကြား


လျူရှောင်ဘို ဇနီး တရုတ်အတိုက်အခံ နိုင်ငံရေးသမားတွေကို နိုဘယ်လ်ဆုပေးပွဲ ဖိတ်ကြား
လျူရှောင်ဘို ဇနီး တရုတ်အတိုက်အခံ နိုင်ငံရေးသမားတွေကို နိုဘယ်လ်ဆုပေးပွဲ ဖိတ်ကြား

နော်ဝေးနိုင်ငံ အော်စလိုမှာ ကျင်းပမယ့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားမှာ ဆုရရှိသူ တရုတ်အစိုးရ အတိုက်အခံ လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ကိုယ်စား တက်ရောက်ပေးကြဖို့ တရုတ် အတိုက်အခံတွေနဲ့ ထင်ရှားကျော်ကြားသူ တရုတ်အမျိုးသား ၁၀၀ ကျော်ကို လျူရှောင်ဘိုရဲ့ ဇနီးသည် ဖြစ်သူက ဖိတ်ကြားလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ ဆုပေးပွဲ အခမ်းအနားကို သူရော သူ့အမျိုးသားကိုပါ တက်ရောက်နိုင်ဖို့ တရုတ်အစိုးရဘက်က တရုတ်နိုင်ငံက ထွက်ခွာခွင့် ပေးမယ့်ပုံ မရှိဘူးလို့ လျူရဲ့ ဇနီးဖြစ်သူ လျူရှား (Liu Xia) က အင်တာနက်မှာဖြန့်တဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ လျူရှောင်ဘိုဟာ လက်ရှိ အကျဉ်းထောင်အတွင်းမှာ ရှိနေပြီး သူ့ဇနီးဖြစ်သူဟာလည်း သူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရပြီးကတည်းက နေအိမ်အကျယ်ချုပ်နဲ့ အထိန်းသိမ်း ခံထားရပါတယ်။

သူမရဲ့ စာထဲမှာတော့ ဒီပွဲကို ကိုယ်စားတက်ရောက်ပေးဖို့ ၁၄၃ ဦးကို ဖိတ်ကြားထားပါတယ်။ အများစုဟာ ထင်ရှားတဲ့ အတိုက်အခံတွေဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း အခုလို နိုဘယ်လ်ဆု ကြေညာပြီးကတည်းက တရုတ်အစိုးရရဲ့ စောင့်ကြည့်တာ ခံထားရပါတယ်။ ဒီစာရင်းထဲမှာ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG