သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီေျပာင္းလဲမႈဒဏ္ ဘယ္သူမွမလြတ္ႏိုင္ - ကုလအစီရင္ခံစာ


ကယ္လီဖိုးနီးယား ေတာမီးေလာင္ကၽြမ္းေနစဥ္။

ZAWGYI/UNICODE

ကုလသမဂၢက တနလၤာေန႔မွာ ထုတ္ျပန္လိုက္တဲ့ သိပၸံဆိုင္ရာ အထူးအစီရင္ခံစာမွာ တေန႔တျခားပိုးဆိုးလာတဲ့ကမာၻ႔ဥတုရာသီေျပာင္းလဲမႈဒဏ္ကေန ဘယ္သူမွမလြတ္ႏိုင္သလို ဒီကိစၥကိုအေရးတႀကီးကာကြယ္ဖို႔လိုေနၿပီလို႔ သတိေပးလိုက္ပါတယ္။ ကမာၻတဝွမ္း မိုးေလဝသအေျခအေနေတြ ပိုးျပင္းထန္ဆိုး႐ြားလာတာ၊ ပင္လယ္ေရျမင့္တက္လာတာက လည္းခန႔္မွန္းထားတာထက္ ပိုၿပီးျမန္ဆန္လာတယ္လို႔ေျပာပါတယ္။

ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕ (IPCC) ရဲ႕အစီရင္ခံစာကို သိပၸံပညာရွင္ ၂၃၄ ဦးတို႔ဝိုင္းဝန္းျပဳစုထားတာပါ။ ၁၉ ရာစုအတြင္း ရွိခဲ့ ကမာၻ႔အပူခ်ိန္ထက္ ၁.၁ ဒီဂရီဆဲလ္စိယပ္ တိုးလာခဲ့တာေၾကာင့္ ကမာၻတဝန္းေဒသအေတာ္မ်ားမ်ားမွာ ျပင္းထန္လွတဲ့ မိုးေခါင္ေရရွားမႈေတြ၊ မုန္တိုင္းေတြနဲ႔ပင္လယ္ေရျမင့္တက္မႈေဘးဆိုးႀကီးေတြ ႀကဳံေနရတယ္လို႔လည္း အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။ ဒါကိုထိန္းခ်ဳပ္ဖို႔ အခ်ိန္မေႏွာင္းေသးပါဘူးလို႔လည္း အစီရင္ခံစာမွာ ေျပာထာပါတယ္။

ဒီလိုအေနအထားေတြ ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ကမာၻ႔အပူခ်ိန္ကို ၁.၅ ဒီဂရီဆဲလ္စိယပ္ေအာက္ က်သြားေအာင္ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈ ေလ်ာ့ခ်ဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြသေဘာတူထားၾကတာျဖစ္ပါတယ္။ လာမယ့္ ႏိုဝင္လာလက်ရင္ က်င္းပမယ့္ ဥတုရာသီညီလာခံ COP26 မွာ IPCC အစီရင္ခံစာကို အဓိကမူတည္ၿပီး ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးမူဝါဒေတြြကို ကမာၻ႔ေခါင္းေဆာင္ေတြ ရးဆြဲႏိုင္မယ္လို႔လည္းအစီရင္ခံစာျပဳစုထားတဲ့ သိပၸံပညာရွင္ေတြက ေမ ွ်ာ္လင့္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


UNICODE

ကုလသမဂ္ဂက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သိပ္ပံဆိုင်ရာ အထူးအစီရင်ခံစာမှာ တနေ့တခြားပိုးဆိုးလာတဲ့ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုဒဏ်ကနေ ဘယ်သူမှမလွတ်နိုင်သလို ဒီကိစ္စကိုအရေးတကြီးကာကွယ်ဖို့လိုနေပြီလို့ သတိပေးလိုက်ပါတယ်။ ကမ္ဘာတဝှမ်း မိုးလေဝသအခြေအနေတွေ ပိုးပြင်းထန်ဆိုးရွားလာတာ၊ ပင်လယ်ရေမြင့်တက်လာတာက လည်းခန့်မှန်းထားတာထက် ပိုပြီးမြန်ဆန်လာတယ်လို့ပြောပါတယ်။

ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IPCC) ရဲ့အစီရင်ခံစာကို သိပ္ပံပညာရှင် ၂၃၄ ဦးတို့ဝိုင်းဝန်းပြုစုထားတာပါ။ ၁၉ ရာစုအတွင်း ရှိခဲ့ ကမ္ဘာ့အပူချိန်ထက် ၁.၁ ဒီဂရီဆဲလ်စိယပ် တိုးလာခဲ့တာကြောင့် ကမ္ဘာတဝန်းဒေသအတော်များများမှာ ပြင်းထန်လှတဲ့ မိုးခေါင်ရေရှားမှုတွေ၊ မုန်တိုင်းတွေနဲ့ပင်လယ်ရေမြင့်တက်မှုဘေးဆိုးကြီးတွေ ကြုံနေရတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့ အချိန်မနှောင်းသေးပါဘူးလို့လည်း အစီရင်ခံစာမှာ ပြောထာပါတယ်။

ဒီလိုအနေအထားတွေ ကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီဆဲလ်စိယပ်အောက် ကျသွားအောင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချဖို့ ကမ္ဘာ့ခေါင်းဆောင်တွေသဘောတူထားကြတာဖြစ်ပါတယ်။ လာမယ့် နိုဝင်လာလကျရင် ကျင်းပမယ့် ဥတုရာသီညီလာခံ COP26 မှာ IPCC အစီရင်ခံစာကို အဓိကမူတည်ပြီး ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးမူဝါဒတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ရးဆွဲနိုင်မယ်လို့လည်းအစီရင်ခံစာပြုစုထားတဲ့ သိပ္ပံပညာရှင်တွေက မေ ျှာ်လင့်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG