သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအထူးသံနဲ႔ စစ္ေကာင္စီအႀကီးအကဲေတြ႕ဆံု


ကုလ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္တို႔နဲ႔ ေတြ႔ဆံုစဥ္။ (ၾသဂုတ္ ၁၇၊ ၂၀၂၂/ဓာတ္ပံု-သတင္းမွန္ျပန္ၾကားေရး)

[[Zawgyi/Unicode]]

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ျမန္မာစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ေနျပည္ေတာ္မွာ ဒီေန႔ ဗုဒၶဟူးေန႔က တြ႕ဆုံခဲ့ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ကုလသမဂၢဌာနတို႔ၾကား ယံုၾကည္မႈနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ႏိုင္ေရး အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

ကုလအထူးသံတမန္ Noeleen Heyzer ဟာ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔လည္း သီးျခားေတြ႔ဆံုခဲ့ပါတယ္။ ကုလသမဂၢအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးကို လက္ေတြ႕ က်က် အျပဳသေဘာ သံုးသပ္ေဆာင္ရြက္ဖို႔ အေလးထား ေျပာခဲ့တယ္လို႔ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ျဖစ္ေပၚ တိုးတက္မႈေတြကိုလည္း ရွင္းျပခဲ့တယ္လို႔ ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ စြပ္စဲြခ်က္ေတြနဲ႔ ေနာက္ထပ္ ေထာင္ဒဏ္ ၆ ႏွစ္ခ်မွတ္ခဲ့ၿပီး ေနာက္တရက္မွာပဲ ကုလသမဂၢ အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို ေရာက္လာတာျဖစ္ပါတယ္။ ဥပေဒအရ ျပစ္ဒဏ္ခ်ခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံျခားသံတမန္ေတြနဲ႔ ေတ႔ြခြင့္ေပးမွာ မဟုတ္ဘူးလို႔ စစ္ေကာင္စီက အေစာပိုင္းထဲက ေျပာၾကားထားပါတယ္။

Noeleen Heyzer ဟာ အထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျမန္မာႏိုင္ငံကို သြားေရာက္တာ ျဖစ္ၿပီး အခုခရီးစဥ္အတြင္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဆိုးရြားလာတဲ့ အေျခအေနေတြကို အာ႐ုံစိုက္မွာျဖစ္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္႐ုံး ေျပာခြင့္ရ Stéphane Dujarric က အဂၤါေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ လုပ္ရပ္ေတြကို ရပ္တန႔္ဖို႔နဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ အတားအဆီးမရွိ ေပးအပ္ႏိုင္ေရး ကုလသမဂၢလုံၿခဳံေရးေကာင္စီက ေတာင္းဆိုၿပီး မၾကာခင္မွာပဲ အထူးကိုယ္စားလွယ္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ ေပၚေပါက္လာတာပါ။

အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားေဟာင္း Christine Schraner Burgener ကိုေတာ့ ျမန္မာစစ္ေကာင္စီက ျပည္ဝင္ခြင့္မေပး သလို ျမန္မာႏိုင္ငံမွာရွိတဲ့ သူ႔ရံုးခန္းကိုပါ ပိတ္ပစ္ခဲ့တာပါ။ အခု သူ႔ေနရာကို ဆက္ခံတဲ့ Heyzer ကို ျမန္မာျပည္တြင္း ရံုးခန္းဖြင့္ခြင့္ ေပးမေပးေတာ့ မသိရေသးပါဘူး။

ကုလအထူးသံနဲ႔ စစ္ေကာင္စီအႀကီးအကဲေတြ႕ဆုံ.mp3
please wait

No media source currently available

0:00 0:01:21 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကုလအထူးသံနဲ့ စစ်ကောင်စီအကြီးအကဲတွေ့ဆုံ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့က တွ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂဌာနတို့ကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ကုလအထူးသံတမန် Noeleen Heyzer ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ ကျကျ အပြုသဘော သုံးသပ်ဆောင်ရွက်ဖို့ အလေးထား ပြောခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ နောက်ထပ် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ပြီး နောက်တရက်မှာပဲ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။ ဥပဒေအရ ပြစ်ဒဏ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသံတမန်တွေနဲ့ တေ့ွခွင့်ပေးမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက အစောပိုင်းထဲက ပြောကြားထားပါတယ်။

Noeleen Heyzer ဟာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပြီး အခုခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာတဲ့ အခြေအနေတွေကို အာရုံစိုက်မှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ပေးအပ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုပြီး မကြာခင်မှာပဲ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ပေါ်ပေါက်လာတာပါ။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားဟောင်း Christine Schraner Burgener ကိုတော့ မြန်မာစစ်ကောင်စီက ပြည်ဝင်ခွင့်မပေး သလို မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရုံးခန်းကိုပါ ပိတ်ပစ်ခဲ့တာပါ။ အခု သူ့နေရာကို ဆက်ခံတဲ့ Heyzer ကို မြန်မာပြည်တွင်း ရုံးခန်းဖွင့်ခွင့် ပေးမပေးတော့ မသိရသေးပါဘူး။

XS
SM
MD
LG