သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအထူးကိုယ္စားလွယ္ စစ္ေကာင္စီ ၿငိမ္းခ်မ္းေရးအဖြဲ႕နဲ႔ေတြ႕


ႏိုင္ငံေတာ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ ေခါင္းေဆာင္

[[Zawgyi/Unicode]]

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ဒီကေန႔ ၾကာသပေတးေန႔မွာဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ရဲ႕ ႏိုင္ငံေတာ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕နဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ဗြီအိုေအ ကိုေျပာပါတယ္။ ၂ ရက္တာခရီးစဥ္ဟာ ဒီကေန႔မွာအဆုံးသတ္ခဲ့တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရကေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုေဇာ္ဝင္းလိႈင္က တင္ျပေပးထားပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Noeleen Heyzer ဟာရာထူးခန႔္အပ္ခံရၿပီး ၁၀ လနီးပါးအၾကာ ျမန္မာႏိုင္ငံကိုလာေရာက္တာျဖစ္ၿပီး ခရီးစဥ္ပထမေန႔မွာ စစ္ေကာင္စီအႀကီးအကဲနဲ႔ ႏိုင္ငံျခားေရးဌာန ဝန္ႀကီးတို႔နဲ႔ ေတြ႕ဆုံခဲ့ပါ တယ္။ ဒီကေန႔ခရီးစဥ္ေနာက္ဆုံးေနမွာ ေတာ့ ႏိုင္ငံေတာ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ ေခါင္းေဆာင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္နဲ႔ေတြ႕ဆုံခဲ့တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔ ဦးေဆာင္တဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးညႇိဳႏႈိင္းအဖြဲ႕အဲဒီအဖြဲ႕နဲ႔ေတြ႕ျဖစ္တယ္လို႔သိရပါတယ္။ မူလခရီးစဥ္အတိုင္းဆို ဒီကေန႔ဆိုၿပီးပါၿပီ။ ၿငိမ္းခ်မ္းေရးကိစၥပဲ။ က်ေနာ္တို႔ EAO အဖြဲ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးတဲ့ အေျခအေနေတြနဲ႔ပတ္သတ္ၿပီးေဆြးေႏြးတာပါဗ်။”

ေတြ႕ဆုံ ေဆြးေႏြးတဲ့အေသးစိတ္ကိုေတာ့ စစ္ေကာင္စီဘက္က ေျဖဆိုဖို႔ျငင္းဆိုပါတယ္။ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္ဟာ ဒီကေန႔ အဆုံးသတ္သြားၿပီ ျဖစ္ပါတယ္။ ခရီးစဥ္အစမွာေတာ့ ကုလသမဂၢဘက္က ႏိုင္ငံေရးအဝန္းအဝိုင္းကပါဝင္ပတ္သက္သူေတြ၊ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ေနာက္ လက္ရွိပဋိပကၡေၾကာင့္ ထိခိုက္ခံစားရတဲ့အသိုက္အဝန္း ေတြနဲ႔ ေတြ႕ဆုံမယ္လို႔ ထုတ္ျပန္ေျပာဆိုထားေပမယ့္ ဒီခရီးစဥ္မွာေတာ့ ေတြ႕ဆုံႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဘယ္လိုေၾကာင့္ေတြ႕ဆုံျခင္းမရွိသလဲဆိုတာနဲ႔ပတ္သက္လို႔လည္းစစ္ေကာင္စီဘက္ကေျဖဆိုတာမရွိသလို ရွင္းရွင္းလင္းလင္းေျပာတာမရွိပါဘူး။ အထိန္းသိမ္းခံၿပီး တရားရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ကိုေတာ့ စစ္ေကာင္စီကတရားဥပေဒနဲ႔ရင္ဆိုင္ေနရဆဲသူတေယာက္ျဖစ္တာမို႔ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ေတြ႕ဆုံခြင့္မေပး ခဲ့ပါဘူး။

ကုလအထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က အျမင္သေဘာထားကိုေမးတာမွာေတာ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။

“ကမာၻ႔ကုလသမဂၢအဖြဲ႔အစည္းရဲ႕ အေထြေထြအတြင္းေရးမႉးရဲ႕ အထူးကိုယ္စားလွယ္ကို အစိုးရအေနနဲ႔ လက္ခံေတြ႔ခဲ့တယ္။ ေတြ႔ခ်ိန္မွာ ျမန္မာႏိုင္ငံနဲ႔ကုလသမဂၢၾကားထဲ ဆက္သြယ္ဆက္ဆံမႈ က်ေနာ္တို႔မေန႔ကသတင္းထုတ္ျပန္ခဲ့တယ္။ ဆက္သြယ္ဆက္ဆံမႈ တိုးျမင့္ေရးကို ေဆြးေႏြးႏိုင္ခဲ့တယ္လို႔ပဲ ေျပာခ်င္တယ္။”

မေန႔က စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံခ်ိန္မွာေတာ့ ကုလသမဂၢက ရႈတ္ခ်ခဲ့တဲ့ မၾကာေသးခင္တုန္းက ဒီမိုကေရစီေရး လႈပ္ရွားသူေတြကို ကြပ္မ်က္မႈမ်ိဳး ေနာက္ထပ္မလုပ္ဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးကို စိုးရိမ္တာမို႔ ေတြ႕ဆုံခြင့္ ေပးဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး Sean Turnell ကို ျပန္လႊတ္ေပးဖို႔ နဲ႔ဖမ္းဆီးထားတဲ့ အ႐ြယ္မေရာက္ေသးသူေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔ေတာင္းဆိုခဲ့တယ္လို႔ ကုလဘက္က သတင္း ထုတ္ျပန္ထားပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က သူတာဝန္ယူၿပီး လပိုင္းအတြင္းမွာပဲ ျမန္မာႏိုင္ငံအတြင္း ပဋိပကၡအေျခအေန ပိုၿပီး ဆိုးဝါးလာသလို ဘက္ေပါင္းစုံ အၾကပ္အတည္းေတြ ေနရာအႏွံ႔ ႀကီးမားလာတဲအ့ေၾကာင္း ကုလသမဂၢ အေထြေထြ ညီလာခံကို ဇြန္လအတြင္း အလြတ္သေဘာ တင္ျပခဲ့ပါတယ္။ ျမန္မာ စစ္တပ္ဟာ အင္အား အလြန္အကြၽံ ဆက္လက္ အသုံးျပဳေနဆဲ ျဖစ္ၿပီး အရပ္သားေတြ အေပၚမွာ အျပင္းအထန္ တိုက္ခိုက္ေနသလို တိုင္းရင္းသားလူမ်ိဳးစုေဒသေတြအတြင္း ေလေၾကာင္းက ဗုံးက်ဲတိုက္ခိုက္တာေတြအပါအဝင္ ထိုးစစ္ဆင္တိုက္ခိုက္ေနတဲ့အေၾကာင္းေတြကို တင္ျပေျပာဆိုထားခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒီခရီးစဥ္ကေန ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေန တိုးတက္လာေအာင္နဲ႔ စစ္ေကာင္စီရဲ႕ ရပ္တည္ခ်က္ကို ေျပာင္းလဲေအာင္ သိမ္းသြင္းႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳးေတာ့ အကဲခတ္ေတြၾကားမွာ ေမွ်ာ္လင့္ထားတာမ်ိဳး မေတြ႕ရပါဘူး။

ကုလကိုယ္စားလွယ္ေရာက္ေနခ်ိန္မွာဘဲ စစ္ကိုင္းတိုင္းဘက္မွာ စစ္ေရးအရ ဖိအားေပးထိုးစစ္ေတြ စစ္ေကာင္စီဘက္က ဆက္လက္လုပ္ကိုင္ေနသလို ႐ြာလုံးကြၽတ္မီးရႈိ႕တယ္ဆိုတဲ့ ျဖစ္စဥ္ေတြ လုပ္ ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာဆိုေနပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈအားလုံး ခ်က္ခ်င္းရပ္တန႔္ဖို႔နဲ႔ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီေတြေပးႏိုင္ေရး ကုလသမဂၢဘက္က ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]


ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဒီကနေ့ ကြာသပတေးနေ့မှာဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေ ကိုပြောပါတယ်။ ၂ ရက်တာခရီးစဉ်ဟာ ဒီကနေ့မှာအဆုံးသတ်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာရာထူးခန့်အပ်ခံရပြီး ၁၀ လနီးပါးအကြာ မြန်မာနိုင်ငံကိုလာရောက်တာဖြစ်ပြီး ခရီးစဉ်ပထမနေ့မှာ စစ်ကောင်စီအကြီးအကဲနဲ့ နိုင်ငံခြားရေးဌာန ဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါ တယ်။ ဒီကနေ့ခရီးစဉ်နောက်ဆုံးနေမှာ တော့ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးညှိုနှိုင်းအဖွဲ့အဲဒီအဖွဲ့နဲ့တွေ့ဖြစ်တယ်လို့သိရပါတယ်။ မူလခရီးစဉ်အတိုင်းဆို ဒီကနေ့ဆိုပြီးပါပြီ။ ငြိမ်းချမ်းရေးကိစ္စပဲ။ ကျနော်တို့ EAO အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီးဆွေးနွေးတာပါဗျ။”

တွေ့ဆုံ ဆွေးနွေးတဲ့အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က ဖြေဆိုဖို့ငြင်းဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ ဒီကနေ့ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ခရီးစဉ်အစမှာတော့ ကုလသမဂ္ဂဘက်က နိုင်ငံရေးအဝန်းအဝိုင်းကပါဝင်ပတ်သက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် လက်ရှိပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့အသိုက်အဝန်း တွေနဲ့ တွေ့ဆုံမယ်လို့ ထုတ်ပြန်ပြောဆိုထားပေမယ့် ဒီခရီးစဉ်မှာတော့ တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပါဘူး။

ဘယ်လိုကြောင့်တွေ့ဆုံခြင်းမရှိသလဲဆိုတာနဲ့ပတ်သက်လို့လည်းစစ်ကောင်စီဘက်ကဖြေဆိုတာမရှိသလို ရှင်းရှင်းလင်းလင်းပြောတာမရှိပါဘူး။ အထိန်းသိမ်းခံပြီး တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုတော့ စစ်ကောင်စီကတရားဥပဒေနဲ့ရင်ဆိုင်နေရဆဲသူတယောက်ဖြစ်တာမို့ ဆိုတဲ့ အကြောင်းပြချက်နဲ့တွေ့ဆုံခွင့်မပေး ခဲ့ပါဘူး။

ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အမြင်သဘောထားကိုမေးတာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ကို အစိုးရအနေနဲ့ လက်ခံတွေ့ခဲ့တယ်။ တွေ့ချိန်မှာ မြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားထဲ ဆက်သွယ်ဆက်ဆံမှု ကျနော်တို့မနေ့ကသတင်းထုတ်ပြန်ခဲ့တယ်။ ဆက်သွယ်ဆက်ဆံမှု တိုးမြင့်ရေးကို ဆွေးနွေးနိုင်ခဲ့တယ်လို့ပဲ ပြောချင်တယ်။”

မနေ့က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာတော့ ကုလသမဂ္ဂက ရှုတ်ချခဲ့တဲ့ မကြာသေးခင်တုန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကွပ်မျက်မှုမျိုး နောက်ထပ်မလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တာမို့ တွေ့ဆုံခွင့် ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ နဲ့ဖမ်းဆီးထားတဲ့ အရွယ်မရောက်သေးသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့တယ်လို့ ကုလဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က သူတာဝန်ယူပြီး လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေ ပိုပြီး ဆိုးဝါးလာသလို ဘက်ပေါင်းစုံ အကြပ်အတည်းတွေ နေရာအနှံ့ ကြီးမားလာတဲအ့ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဇွန်လအတွင်း အလွတ်သဘော တင်ပြခဲ့ပါတယ်။ မြန်မာ စစ်တပ်ဟာ အင်အား အလွန်အကျွံ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပြီး အရပ်သားတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေသလို တိုင်းရင်းသားလူမျိုးစုဒေသတွေအတွင်း လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြောင်းတွေကို တင်ပြပြောဆိုထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင်နဲ့ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို ပြောင်းလဲအောင် သိမ်းသွင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ အကဲခတ်တွေကြားမှာ မျှော်လင့်ထားတာမျိုး မတွေ့ရပါဘူး။

ကုလကိုယ်စားလှယ်ရောက်နေချိန်မှာဘဲ စစ်ကိုင်းတိုင်းဘက်မှာ စစ်ရေးအရ ဖိအားပေးထိုးစစ်တွေ စစ်ကောင်စီဘက်က ဆက်လက်လုပ်ကိုင်နေသလို ရွာလုံးကျွတ်မီးရှို့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးနိုင်ရေး ကုလသမဂ္ဂဘက်က တောင်းဆိုထားပါတယ်။

XS
SM
MD
LG