သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ အထူးကိုယ္စားလွယ္ ႏိုလင္းေဟဇာ ႐ိုဟင္ဂ်ာဒုကၡသည္ စခန္းေရာက္ 


BANGLADESH-UN-RIGHTS-REFUGEE

[[Zawgyi/Unicode]]

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကို ၄ ရက္ၾကာ ခရီးေရာက္ေနၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနထိုင္တဲ့ Cox’s Bazaar ဒုကၡသည္စခန္းကို ဒီကေန႔ သြားေရာက္တဲ့အေၾကာင္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ံုး UNHCR ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“ဒုကၡသည္ေတြ လတ္တေလာ ေနထိုင္ေနရတဲ့ အေျခအေန၊ ေနရပ္ျပန္ေရး အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြကို အျပည့္အဝ နည္းလည္ႏိုင္ဖို႔အတြက္ ဒုကၡသည္ေတြနဲ႔ ကုလအထူးကိုယ္စားလွယ္ Noeleen Heyzer ကိုယ္တိုင္ ေတြ႔ဆံုသြားမယ့္အေၾကာင္း” ခရီးစဥ္မွာ အတူလိုက္ပါလာတဲ့ UNHCR ျပန္ၾကားေရးတာဝန္ခံ Egina de la Portilla ေျပာသြားတာပါ။

၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္တြင္း အၾကမ္းဖက္မႈေတြေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းခ်ီ ဘဂၤလားေဒရွ္႕ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့တဲ့ ၅ ႏွစ္ျပည့္ခ်ိန္မွာပဲ အထူးကိုယ္စားလွယ္ Noeleen Heyzer ဘဂၤလားေဒ့ရွ္ႏိုင္ငံကို သြားေရာက္တာပါ။ ျမန္မာႏိုင္ငံဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့နာမည္ကို လက္မခံတဲ့အေၾကာင္းနဲ႔ ဒုကၡသည္ ေနရပ္ျပန္ပို႔ေရးမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ႏွစ္ႏိုင္ငံအၾကား သေဘာတူထားတဲ့ ပုံစံအတိုင္း ဒုကၡသည္စာရင္းကို ေပးအပ္ျခင္းမရွိဘူးဆိုၿပီး မၾကာေသးခင္ရက္ပိုင္း စစ္ေကာင္စီအႀကီးအကဲနဲ႔ Noeleen Heyzer ေတြ႕ဆုံခဲ့တဲ့အခ်ိန္မွာ စစ္ေကာင္စီဘက္က ေျပာဆုိုထားပါတယ္။

ဒီအေတာအတြင္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ကူညီေထာက္ပံ့ဖို႔ ရန္ပံုေငြ ျပတ္လပ္ေနၿပီမို႔ ႏိုင္ငံတကာက အလွဴရွင္ေတြဝိုင္းဝန္းကူညီလွဴဒါန္းၾကဖို႔ UNHCR က ဒီကေန႔ ထပ္မံ ပန္ၾကားလိုက္ပါတယ္။ သင့္ေတာ္တဲ့ အာဟာရ၊ ေနထိုင္ဖို႔ အမိုးအကာ ေနရာထိုင္ခင္း စတာေတြ အဓိကလိုအပ္ေနေၾကာင္း UNHCR ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အထူးကိုယ္စားလွယ္ Heyzer ရဲ႕ ၄ ရက္ၾကာ ဘဂၤလားေဒ့ရွ္ ခရီးစဥ္အတြင္းမွာေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး အတြင္းဝန္ Masud Bin Momen (မာဆု ဘင္ မိုမင္) နဲ႔ ေတြ႔ဆုံဖို႔ စီစဥ္ထားသလို ႏိုင္ငံျခားေရးဝန္ႀကီး Dr. AK Abdul Momen (ေဒါက္တာ ေအေက အက္ဘ္ဒူးလ္ မိုမင္) နဲ႔ ဝန္ႀကီးခ်ဳပ္ Sheikh Hasina တို႔ကိုလည္း ႏႈတ္ဆက္ေတြ႔ဆုံမယ့္အေၾကာင္း Daily Bangladesh သတင္းစာက ေရးပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ကုလ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ရိုဟင်ဂျာဒုက္ခသည် စခန်းရောက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၄ ရက်ကြာ ခရီးရောက်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တဲ့ Cox’s Bazaar ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်တဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒုက္ခသည်တွေ လတ်တလော နေထိုင်နေရတဲ့ အခြေအနေ၊ နေရပ်ပြန်ရေး အနာဂတ် မျှော်လင့်ချက်တွေကို အပြည့်အဝ နည်းလည်နိုင်ဖို့အတွက် ဒုက္ခသည်တွေနဲ့ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer ကိုယ်တိုင် တွေ့ဆုံသွားမယ့်အကြောင်း” ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ UNHCR ပြန်ကြားရေးတာဝန်ခံ Egina de la Portilla ပြောသွားတာပါ။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် သိန်းချီ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ၅ နှစ်ပြည့်ချိန်မှာပဲ အထူးကိုယ်စားလှယ် Noeleen Heyzer ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်တာပါ။ မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်မခံတဲ့အကြောင်းနဲ့ ဒုက္ခသည် နေရပ်ပြန်ပို့ရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းကို ပေးအပ်ခြင်းမရှိဘူးဆိုပြီး မကြာသေးခင်ရက်ပိုင်း စစ်ကောင်စီအကြီးအကဲနဲ့ Noeleen Heyzer တွေ့ဆုံခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေ ပြတ်လပ်နေပြီမို့ နိုင်ငံတကာက အလှူရှင်တွေဝိုင်းဝန်းကူညီလှူဒါန်းကြဖို့ UNHCR က ဒီကနေ့ ထပ်မံ ပန်ကြားလိုက်ပါတယ်။ သင့်တော်တဲ့ အာဟာရ၊ နေထိုင်ဖို့ အမိုးအကာ နေရာထိုင်ခင်း စတာတွေ အဓိကလိုအပ်နေကြောင်း UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အထူးကိုယ်စားလှယ် Heyzer ရဲ့ ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန် Masud Bin Momen (မာဆု ဘင် မိုမင်) နဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen (ဒေါက်တာ အေကေ အက်ဘ်ဒူးလ် မိုမင်) နဲ့ ဝန်ကြီးချုပ် Sheikh Hasina တို့ကိုလည်း နှုတ်ဆက်တွေ့ဆုံမယ့်အကြောင်း Daily Bangladesh သတင်းစာက ရေးပါတယ်။

XS
SM
MD
LG