သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကူအညီလုပ်ငန်း စောင့်ကြည့်ဖို့ မြောက်ကိုရီယားခွင့်ပြု


အကူအညီလုပ်ငန်း စောင့်ကြည့်ဖို့ မြောက်ကိုရီယားခွင့်ပြု
အကူအညီလုပ်ငန်း စောင့်ကြည့်ဖို့ မြောက်ကိုရီယားခွင့်ပြု

မြောက်ကိုရီယားနိုင်ငံတွင်းမှာ အကူအညီတွေ ဖြန့်ဖြူးပေးတဲ့နေရာ မှန်မမှန်စောင့်ကြည့်ဖို့ တောင်ကိုရီယား အရာရှိတစ်ဦးကို မြောက်ကိုရီယားဘက်က ခွင့်ပြုလိုက်ပါတယ်။ တောင်ကိုရီယားဘက်မှာ ၂၀၀၈ ခုနှစ် တတ်လာတဲ့ အစိုးရကတည်းကဆိုရင် ဒါဟာ မြောက်ကိုရီယားဘက်က ဒီလို လိုက်လျောတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အကူအညီ ဂျုံမှုန့်တန်ချိန် ၃၀၀ ကို လိုအပ်တဲ့သူတွေဆီကို အမှန်တကယ် ရောက်မရောက်အတွက် နေ့ကလေးထိန်းကျောင်းတစ်ခု အပါအဝင် နေရာသုံးခုမှာ တောင်ကိုရီယားဘက်က ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန အရာရှိတစ်ဦးနဲ့ အကူအညီပေးရေး လုပ်သားလေးဦးတို့က စောင့်ကြပ် ကြည့်ရှုဖို့ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ လာမယ့်အင်္ဂါနေ့မှာ တောင်ကိုရီယားကို ပြန်ရောက်ပါလိမ့်မယ်။

မြောက်ကိုရီယားဘက်က ၂၀၀၉ ခုနှစ် နျူကလီယားအစီအစဉ်ကြောင့် နျူကလီယားအရေး နိုင်ငံတကာညှိနှိုင်းမှု ပျက်ပြယ်ပြီးနောက် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တောင်နဲ့မြောက် ကိုရီယားဆက်ဆံရေး တင်းတင်းမာမာ ဖြစ်ခဲ့ရပါတယ်။ မြောက်ကိုရီယားမှာ လာမယ့်နှစ်အတွက် လူပေါင်း သုံးသန်းနီးပါး အစားအသောက် အကူအညီတွေ ဆက်လိုအပ်နေဦးမယ်လို့ တနေ့ကပဲ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လေ့လာရေးအဖွဲ့ဟာ မကြာခင်ကပဲ မြောက်ကိုရီးယားကို ရောက်ခဲ့တာပါ။ မြောက်ကိုရီးယားမှာ အဓိကကောက်ပဲသီးနှံထွက်မှု တိုးတက်လာပေမဲ့လို့လည်း အစာရေစာ ငတ်ပြတ်မှု အဟာရချို့တဲ့မှုတွေ ဆက်ရှိနေတုန်းပဲဆိုတာ ကုလသမဂ္ဂအဖွဲ့က လေ့လာတွေ့ရှိခဲ့ပါတယ်။

XS
SM
MD
LG