သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမုန်တိုင်း လူ ၈၀ ကျော်သေဆုံး


North Korea Flood
North Korea Flood
မြောက်ကိုရီးယားနိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အနည်းဆုံး လူ ၈၈ ယောက် သေဆုံးပြီး ၁၃၄ ယောက် ဒဏ်ရာရခဲ့တဲ့အပြင် လူထောင်ပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က စတင်ဖြစ်ခဲ့တဲ့ ရေကြီးမှုတွေကြောင့် အိမ်ခြေ ၅,၀၀၀ ကျော်ပျက်စီးခဲ့ပြီး၊ လူပေါင်း ၆ သောင်း ၃ ထောင် လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ မြောက်ကိုရီးယား အစိုးရရဲ့ ဗဟိုသတင်းအေဂျင်စီက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ တဝှမ်းမှာ ဇူလိုင်လ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ တိုင်ဖုန်း ခါနွန် ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် မြေဟက်တာပေါင်း ၄,၈၀၀ လောက် ရေမြှုပ်ခဲ့ရပါတယ်။

မြောက်ကိုရီးယားရဲ့ ဗဟိုသတင်းအေဂျင်စီက ဒီကနေ့နဲ့ မနက်ဖြန် တနင်္လာနေ့တွေ မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ သတိပေးထားပါတယ်။

မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ မြောက်ကိုရီးယားနိုင်ငံ လူဦးရေ ၂၄ သန်းရဲ့ ၃ ပုံ ၂ ပုံ လောက်ဟာ စားနပ်ရိက္ခာ ပြတ်တောက်မှုနဲ့ ကြုံနေရလို့ ပြောပါတယ်။ အခုနောက်ဆုံးဖြစ်လိုက်တဲ့ ရေကြီးမှုတွေက အခြေအနေကို ပိုဆိုးသွားစေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
XS
SM
MD
LG