သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယား လူ့အခွင့်အရေးဆွေးနွေး


မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းအထန် ဝေဖန်ကန့်ကွက်နေချိန်မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ဖို့ မြောက်ကိုရီးယားက ငြင်းဆန် လိုက်ပါတယ်။

တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုတွေကြားက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံတို့က မြောက်ကိုရီးယား လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တနင်္လာနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

မကြာသေးခင်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအရ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ အစိုးရ အဆင့်မြင့်ပိုင်းရဲ့ မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြောက်ကိုရီးယားပြည်သူတွေရဲ့ ဘဝဟာ အိပ်မက်စိုးကြီးထဲမှာ နေထိုင်နေကြရသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က ပြောသွားပါတယ်။

မြောက်ကိုရီးယားအစိုးရကတော့ လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်ချက်မှန်သမျှကို ဂရုစိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေဖြစ်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအတွက် အကူအညီပေးတဲ့သူတွေဟာ လူဖျင်းလူညံ့တွေဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG