သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခန့်မှန်းထားသလို မြောက်ကိုရီးယားဒုံးပျံ စမ်းသပ်ပစ်လွှတ်မှုမရှိ


မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ခေါင်းဆောင်ဟောင်းKim Il Sung ရဲ့ ၁၀၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် (၁၅ ဧပြီ ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ခေါင်းဆောင်ဟောင်းKim Il Sung ရဲ့ ၁၀၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် (၁၅ ဧပြီ ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ခေါင်းဆောင်ဟောင်း ကင်အီဆွန်း (Kim Il Sung) ရဲ့ ၁၀၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြောက်ကိုရီးယားနိုင်ငံမှာ ကျင်းပနေပါတယ်။

အများကတော့ စတာလင်ဝါဒ ကျင့်သုံးတဲ့ နိုင်ငံဟာ ဒီကနေ့မှာ ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပိုကြီးထွားအောင် မစ်ဇိုင်းဒုံးပျံ စမ်းသပ် ပစ်လွှတ်လိမ့်မယ်လို့ ထင်ထားခဲ့ကြတာပါ။

ဒါပေမဲ့ ပြုံယမ်းအစိုးရဟာ ဒုံးပျံစမ်းသပ်မှုရော တာတိုပစ် ရော့ကက်ဒုံးကျည် ပစ်လွှတ်တာရော မလုပ်ခဲ့သလို၊ ကြီးမားတဲ့ စစ်ရေးပြ ချီတက်တာမျိုးလည်း မလုပ်ခဲ့ပါဘူး။ ဒီကနေ့ဟာ မြောက်ကိုရီးယား နိုင်ငံအတွက် အလွန်အရေး ပါတဲ့နေ့ရက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြောက်ကိုရီးယား အရှေ့ဘက်ခြမ်းကို ရွှေ့ပြောင်းနိုင်တဲ့ ဒုံးပျံ ပစ်လွှတ်တဲ့စင် သွားထားတာကို တွေ့ရှိခဲ့ပြီးတဲ့နောက် ဒုံးပျံ စမ်းသပ်ပစ်လွှတ် လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန် တပ်ဖွဲ့တွေ တပ်လှန့်ထားဆဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် အတန်ကြာ ကတည်းက မြောက်ကိုရီးယား နိုင်ငံဟာ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတွေကို နျူကလီးယားလက်နက် အသုံးပြုပြီး ပစ်ခတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာပါ။

ဒီတင်းမာမ ှုပြဿနာဟာ ဒေသတွင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ၃ နိုင်ငံ ခရီးစဉ်နောက်ဆုံး ခရီးအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပြီး ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

ဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က မြောက်ကိုရီးယား အစိုးရအနေနဲ့ နျူကလီးယား လက်နက် အစီအစဉ်ကို စွန့်လွှတ်ဖို့ ခြေလှမ်း လှမ်းမယ်ဆိုရင် မိတ်ဖက်နိုင်ငံ တနိုင်ငံ အဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်အရေး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့အတွက် အမေရိကန် ပြည်ထောင်စုဟာ ညှိနှိုင်းဆွေးနွေးဖို့ အသင့်ရှိတယ်လို့ မစ္စတာ ကယ်ရီ က ဂျပန်ခရီးစဉ် အတွင်း ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG