သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဖြစ်နေပြီလို့ မြောက်ကိုရီးယားကြေညာ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နိုင်ငံ အနောက်တောင်ပိုင်းက စစ်ရေးလေ့ကျင့်မှုတခုကို သွားရောက်ကြည့်ရှုစဉ်။ (မတ်လ ၁၄ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နိုင်ငံ အနောက်တောင်ပိုင်းက စစ်ရေးလေ့ကျင့်မှုတခုကို သွားရောက်ကြည့်ရှုစဉ်။ (မတ်လ ၁၄ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ စစ်ဖြစ်နေတဲ့အနေအထားမှာ ရောက်နေပြီ လို့ ပြောကြားလိုက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်က ဘယ်လိုပုံစံနဲ့ပဲ ရန်စစ နျူကလီးယား စစ်ပွဲဖြစ်တဲ့အခြေအနေအထိ ရောက်သွားလိမ့်မယ်လို့ သတိပေးသွားပါတယ်။

ကိုရီးယားနှစ်နိုင်ငံကြား ကိစ္စရပ်တွေကို စစ်ပွဲကာလစည်းမျဉ်းစည်းကမ်းတွေအရ ကိုင်တွယ်သွားမယ်လို့ မြောက်ကိုရီးယားရဲ့ အစိုးရသတင်းဌာနဖြစ်တဲ့ KCNA မှာ ဖော်ပြတဲ့ စနေနေ့က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

တောင်ကိုရီးယားကတော့ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရပ်တန့်ပစ်ပါလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသွားပါတယ်။ မြောက်ကိုရီးယားဘက်က ရန်စလာရင်လည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက အပြည့်အဝ လက်တုံ့ပြန်မယ်လို့ ပြောသွားပါတယ်။

အမေရိကန်အိမ်ဖြူတော်က ဒီကြေညာချက်ကို အလေးအနက်ထားကြောင်း ပြောပါ ယ်။ မြောက်ကိုရီးယားဟာ စစ်တိုက်မယ်လို့ ပြောခဲ့ဖူးတဲ့သာဓကတွေ ရှိပြီး စနေနေ့က ခြိမ်းခြောက်မှုကလည်း အဲဒီပုံစံတွေနဲ့ သွားတူတယ်လို့ အမေရိကန် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Caitlin Hayden ကပြောပါတယ်။

စနေနေ့ကပဲ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ပူးတွဲစက်မှုဇုံကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တောင်ကိုရီးယားကသာ မြောက်ကိုရီးယားရဲ့ သိက္ခာကို ထိပါးအောင် ပြုမူမယ်ဆိုရင် နှစ်နိုင်ငံကို ခြားပေးထားတဲ့ စစ်မဲ့ဇုံမျဉ်းရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ Kaesong စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသွားပါတယ်။
XS
SM
MD
LG