သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့မြောက်ကိုရီးယား တနင်္ဂနွေနေ့ ဆွေးနွေးမည်


ပေါင်းစည်းရေးတံတားပေါ်မှာ ကင်းလှည့်နေကြတဲ့ တောင်ကိုရီးယားတပ်ဖွဲ့များ။ (ဧပြီလ ၂၅ ရက်၊ ၂၀၁၃)။
ပေါင်းစည်းရေးတံတားပေါ်မှာ ကင်းလှည့်နေကြတဲ့ တောင်ကိုရီးယားတပ်ဖွဲ့များ။ (ဧပြီလ ၂၅ ရက်၊ ၂၀၁၃)။
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား အလုပ်သဘော တွေ့ဆုံဆွေးနွေး မှုတွေ တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက် ကို တောင်ကိုရီးယားက လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုကို နယ်စပ်မြို့ Panmunjom မှာ ပြုလုပ်မယ့်အစား တခြား နေရာပြောင်းလုပ်ဖို့ လိုလားတဲ့အကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွင်း ဖွင့်ထားတဲ့ Kaesong စက်မှုဇုံနဲ့ ဆက်နွယ်မှုရှိပြီး နှစ်နိုင်ငံစလုံးက အလုပ်သမားတွေကို အလုပ်ခန့်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပေါ် ပြီးနောက်ပိုင်း ပိတ်ထားခဲ့ရတဲ့ ဒီစက်မှုဇုံ ပြန်ဖွင့်နိုင်ရေး ပြုလုပ်မယ့် ဒီတွေ့ဆုံ ဆွေးနွေးမှုကို ကြိုဆိုကြောင်း သောကြာနေ့မှာ ပြောပါတယ်။

နှစ်ဘက် သဘောထားကွဲပြားနေတဲ့ ကိစ္စတွေ ထာဝရ ပြေလည်နိုင်မယ့် သဘောတူညီမှု ရရှိအောင် လုပ်ဆောင်ကြဖို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ ပူးတွဲ ဖွင့်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ရေး တွေ့ဆုံ ဆွေးနွေးကြဖို့ မြောက်ကိုရီးယားက မမျှော်လင့်ဘဲ ကြာသပတေးနေ့မှာ ကမ်းလှမ်းလိုက်တာပါ။ ဒါ့အပြင် လူသားချင်း စာနာတဲ့ အကူအညီပေးရေးကိစ္စတွေကိုလည်း ဆွေးနွေးလိုတယ်လို့ မြောက်ကိုရီးယား ဘက်က ပြောပါတယ်။
XS
SM
MD
LG