သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လက်နက်စမ်းသပ်မှု အထောက်အထားသစ်ရ


ဓာတ်ပုံ သက်သေအထောက်အထားသစ်တွေအရ မြောက်ကိုးရီးယားနိင်ငံဟာ ပဲ့ထိန်းတပ် ဒုံးကျည်တွေမှာ အသုံးပြုဖို့အတွက် ဒုံးလက်နက်မှာသုံးဖို့အတွက် အင်ဂျင်ကြီးတွေကို စမ်းသပ်နေတယ်လို့ John Hopkins တက္ကသိုလ်၊ အမေရိကန် ကိုးရီးယားအင်စတီကျု အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ဂြိဟ်တု ဓာတ်ပုံတွေအရ Sohae ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှာ စမ်းသပ်မှု နှစ်ကြိမ်ထက်မနည်း လုပ်ခဲ့ပြီး တကြိမ်က မကြာသေးခင် စက်တင်ဘာလ လယ်ပိုင်းလောက်က လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်တွေကို ကြည့်ခြင်းအားဖြင့် မြောက်ကိုးရီးယားဟာ ပိုပြီး ကြီးမားတဲ့ ဒံုံးလက်နက်သုံး အင်ဂျင်ရဲ့ ကနဦးအဆင့်ကို လုပ်နေပြီလို့ ယူဆရပြီး ဒုံးလက်နက်တွေ လွှတ်တင်ဖို့ စမ်းသပ်ချက်တွေလည်း ထပ်လုပ် ဖို့ ပြင်ဆင်နေတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပအပြီး မြောက်ကိုးရီးယားရဲ့ ဒုံးကျည် အစီအစဉ်တွေကို ရပ်တန့်ဖို့ သံတမန်ရေး ဆောင်ရွက်မှုကနေ အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပဲ့ထိန်းတပ် ဒုံးနဲ့ တခြား လက်နက် ပြန့်ပွားမှု တားဆီးရေးအဖွဲ့ ကိုယ်စားလှယ် Robert Gallucci ကတော့ တောင်ကိုရီးယား နိုင်ငံအနေနဲ့ အချိန်ဆွဲမနေသင့်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG