သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမာရသွန် နိုင်ငံတကာပြိုင်ပွဲဝင်တိုးလာ


မြောက်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ပြုံးယမ်းနိုင်ငံတကာမာရသွန်ပြိုင်ပွဲကို ဒီကနေ့မှာ ကျင်းပခဲ့ပြီး၊ ပြည်ပကနေလာပြီး ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အပျော်တမ်းအပြေးသမား ၁၀၀၀ လောက် ဝင်ပြိုင်ခဲ့ကြပါတယ်။ ဒါဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂ ဆ ကျော် တိုးလာခဲ့တာဖြစ်ပါတယ်။

ဒီမာရသွန်ပြိုင်ပွဲကို မြောက်ကိုရီးယားဘက်က သတိထားပြီးထိန်းချုပ်ခဲ့ပေမယ့်လည်း ၊ မြောက်ကိုရီးယားရဲ့ စံသတ်မှတ်ချက်တွေအရတော့ ဒီပြိုင်ပွဲရဲ့ အနေအထားကတော့ ပုံမှန်နဲ့ မတူတဲ့အနေအထားတခုဖြစ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ကစတင်ပြီး ၂၀၁၇ ခုနှစ်အထိ ကျင်းပလာခဲ့တဲ့တလျှောက် ဒီမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူအရေအတွက်ဟာ တိုးလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မနှစ်ကတော့ ကိုရီးယားကျွန်းဆွယ်မှာ ဆက်ဆံရေးတွေ တင်းမာနေပြီး အမေရိကန်ဘက်ကလည်း ခရီးသွားလာမှုကို ပိတ်ပင်တားမြစ်ခဲ့တာကြောင့် ပြိုင်ပွဲဝင်အရေအတွက်ဟာ ကျဆင်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီကနေ့ကျင်းပတဲ့ မာရသွန်မှာ ပြိုင်ပွဲဝင်အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄၀၀ ကျော် ပိုများလာပြီး၊ ကမ္ဘာတဝှမ်းက ဝင်ရောက်ယှဉ်ပြိုင်သူဟာ ၁၀၀၀ လောက်အထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီထဲက အနည်းငယ်ကပဲ ကြေးစားအပြေးသမားတွေဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG